သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ရန်ပုံငွေအခက်အခဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Programme မှ မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့ဖြတ်တောက်မည်

ရန်ပုံငွေအခက်အခဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Programme မှ မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့ဖြတ်တောက်မည်

Hsan Loi Editor
15/03/2025
Share:

 

လာမယ့် ဧပြီလမှစပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP)က မြန်မာနိုင်ငံ ရှိ လူဦးရေ တစ်သန်းအတွက် စားနပ် ရိက္ခာ အထောက်အပံ့များ ဖြတ်တောက်သွားမယ်လို့ WFP က သတိပေးကြေညာခဲ့ပါတယ်။

 

ယခု အကူအညီဖြတ်တောက်ရခြင်းမှာ ရန်ပုံငွေအခက်အခဲများ ကြုံတွေ့နေရတဲ့အတွက်ကြောင့် ဟုဆိုပြီး အသက်ရှင်သန်ရေးအတွက် WFP အထောက်အပံ့ တစ်ခုတည်းကိုသာ မှီခိုနေရတဲ့ နိုင်ငံတစ်ဝန်းက ရပ်ရွာလူထုများအပေါ် သက်ရောက်မှုရှိတယ်လို့ WFP ရဲ့ ဌာနေကိုယ်စားလှယ်က သတိပေးပြောကြားထားပါတယ်။

 

နိုင်ငံအတွင်း ပဋိပက္ခတိုးပွားလာခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ တိုးလာခြင်းနဲ့ အကူအညီရရှိရန် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာခြင်းတို့ကြောင့် စားနပ်ရိက္ခာအထောက်အပံ့ လိုအပ်ချက်များ သိသိသာသာ မြင့်တက်နေချိန်မှာ WFP မှ အထောက်အပံ့ ဖြတ်တောက်မှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

 

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံက လူဦးရေ သန်း ၂၀ နီးပါးသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး ခန့်မှန်းခြေ ၁၅ ဒသမ ၂ သန်း (နိုင်ငံ၏ လူဦးရေစုစုပေါင်း သုံးပုံတစ်ပုံခန့် )သည် ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။