နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တစ်နိုင်ငံလုံး လျှပ်စစ်မီးအလုံအလောက်မရရှိတဲ့အပြင် အင်တာနက်လိုင်း ကန့်သတ်ထားပြီး စစ်ကောင်စီက Myanmar QR (MMQR) နဲ့ ငွေပေးချေမှု တွန်းအားလုပ်ဆောင်လာ

တစ်နိုင်ငံလုံး လျှပ်စစ်မီးအလုံအလောက်မရရှိတဲ့အပြင် အင်တာနက်လိုင်း ကန့်သတ်ထားပြီး စစ်ကောင်စီက Myanmar QR (MMQR) နဲ့ ငွေပေးချေမှု တွန်းအားလုပ်ဆောင်လာ

Hsan Loi Editor
28/02/2025
Share:

 

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျှပ်စစ်မီးအလုံအလောက်မရရှိတဲ့အပြင် အင်တာနက်လိုင်း ၊ ဖုန်းလိုင်းများ ကန့်သတ်ထားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Myanmar QR (MMQR) နဲ့ ငွေပေးချေမှု တွန်းအားလုပ်ဆောင်လာပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ရက်က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှု အတွက် National QR Standard ဖြစ်တဲ့ MMQR စတင်အသုံးပြုခြင်းအခမ်းအနားမှာ စစ်ခေါင်း ဆောင် က MMQR အသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းမျိုးစုံမှာ အသုံးပြုနိုင်မှာဖြစ်သလို အများ ပြည်သူ၏ နေ့စဉ်လူမှုဘဝတွင် ငွေလွှဲပြောင်းပေးချေမှုများကို လုံခြုံစိတ်ချစွာနဲ့ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်၊ နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်ပြီး ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်သုံးစွဲနိုင်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာကြူအာ (MMQR)အသုံးပြုပြီး ငွေပေးချေမှုနဲ့ အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေး လုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်း စတဲ့ စီးပွားရေးလုပ်ငန်းအစုံမှာ အသုံးပြုနိုင်မည်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

MMQR စနစ်ဟာ သီးခြားစီရှိနေတဲ့ မိုဘိုင်းငွေပေးချေမှုတွေကို အပြန်အလှန်ချိတ်ဆက် ပေးချေနိုင်မှာ ဖြစ်လို့ သုံးစွဲသူတွေအနေဖြင့် Mobile Wallet တစ်ခုရှိရုံနဲ့ မည်သည့်နေရာကိုမဆို ပေးချေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။