သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နောင်ချိုမြို့ရှိ လောက်ဖန်းရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ အဖွားအို ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

နောင်ချိုမြို့ရှိ လောက်ဖန်းရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ အဖွားအို ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

Hsan Loi Editor
21/02/2025
Share:

 

TNLA ထိန်းချုပ်ထားတဲ့ သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဖွားအို ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီကျော်အချိန်က စစ်ကောင်စီတပ်မှ လေကြောင်းနဲ့ ၂ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် သက်ကြီးအဖွားအို ၁ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်က နောင်ချိုမြို့ရှိ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ် သို့ စစ်ကောင်စီတပ်မှ ဗုံး(၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဘူတာရပ်ကွက်ထဲမှာ နေထိုင်တဲ့ ဒေသခံ(၂)ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ဆေးရုံမှာလည်း ဗုံးကျ‌ရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ(၁)ဦးသေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူများ နေထိုင်ရာဒေသကို နေ့စဉ်နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။