နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကူမင်းဆွေးနွေးပွဲမအောင်မြင်ဘူးလို့ TNLA ထုတ်ပြန်တဲ့ရက်မှာဘဲ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ(၃)ဦး သေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရ

ကူမင်းဆွေးနွေးပွဲမအောင်မြင်ဘူးလို့ TNLA ထုတ်ပြန်တဲ့ရက်မှာဘဲ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ(၃)ဦး သေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရ

Hsan Loi Editor
20/02/2025
Share:

 

ယမန်နေ့က ကူမင်းဆွေးနွေးပွဲ မအောင်မြင်ဘူးလို့ TNLA ထုတ်ပြန်အပြီး ည(၈)နာရီအချိန်မှာဘဲ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ(၃)ဦး သေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ထံမှ သိရပါတယ်။

 

နောင်ချိုမြို့ရှိ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ် ဗုံး(၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဘူတာရပ်ကွက်ထဲမှာ နေထိုင်တဲ့ ဒေသခံ(၂)ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ဆေးရုံမှာလည်း ဗုံးကျ‌ရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ(၁)ဦးသေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၆)ရက်နဲ့ (၁၇)ရက်က စစ်ကောင်စီနဲ့ TNLA တို့က တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံပြီး အပတ်အခတ်ရပ်စဲရန်ဆွေးနွေးမှုပြုလုပ်ကာ နှစ်ဖက်ညှိနှိုင်းရန် ခက်ခဲသဖြင့် သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲအဆုံးသတ်ခဲ့ရတယ်လို့ သိရပါတယ်။

 

Photo – credit to original uploader