ယမန်နေ့က ကူမင်းဆွေးနွေးပွဲ မအောင်မြင်ဘူးလို့ TNLA ထုတ်ပြန်အပြီး ည(၈)နာရီအချိန်မှာဘဲ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ(၃)ဦး သေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ထံမှ သိရပါတယ်။
နောင်ချိုမြို့ရှိ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ် ဗုံး(၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဘူတာရပ်ကွက်ထဲမှာ နေထိုင်တဲ့ ဒေသခံ(၂)ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ဆေးရုံမှာလည်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ(၁)ဦးသေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၆)ရက်နဲ့ (၁၇)ရက်က စစ်ကောင်စီနဲ့ TNLA တို့က တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံပြီး အပတ်အခတ်ရပ်စဲရန်ဆွေးနွေးမှုပြုလုပ်ကာ နှစ်ဖက်ညှိနှိုင်းရန် ခက်ခဲသဖြင့် သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲအဆုံးသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Photo – credit to original uploader