နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းကိုင်မြို့နယ်အတွင်း SSPPနှင့်မဟာမိတ်တပ်များ နဲ့ RCSS တို့ စစ်ရေးတင်းမာလာမှုကြောင့် မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ ၅ ရွာကို SSPP မှ တစ်နေရာတည်းစုပြီး အတင်းရွှေ့ပြောင်းခိုင်းတယ်လို့ဆို

မိုင်းကိုင်မြို့နယ်အတွင်း SSPPနှင့်မဟာမိတ်တပ်များ နဲ့ RCSS တို့ စစ်ရေးတင်းမာလာမှုကြောင့် မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ ၅ ရွာကို SSPP မှ တစ်နေရာတည်းစုပြီး အတင်းရွှေ့ပြောင်းခိုင်းတယ်လို့ဆို

Hsan Loi Editor
17/02/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း SSPP နှင့် မဟာမိတ်တပ်များ နဲ့ RCSS တို့ စစ်ရေး တင်းမာလာမှုကြောင့် မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူများကို SSPP မှ တစ်နေရာ တည်းစုပြီး အတင်းရွှေ့ပြောင်းခိုင်းတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၂)ရက်က SSPP နှင့် မဟာမိတ်တပ်များနဲ့ RCSS တို့ တိုက်ပွဲဖြစ်ပွားပြီး မိုင်းကိုင်မြို့နယ်ရှိ ပါခေါင်(ဖါခေါင်)ကျေးရွာနဲ့ ဆိုင်နမ့်မော်ပင်န် ကျေးရွာတို့ကြား လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးတဲ့နောက်ပိုင်း SSPP နှင့် မဟာမိတ်တပ်များက ဒေသခံပြည်သူများကို ကျေးရွာ ရွှေ့ပြောင်းခိုင်းတာဖြစ်ပါတယ်။

 

မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောရွာမှ အိမ်ခြေ ၅၀ ကို နမ့်ကတ်ကျေးရွာသို့ ပြောင်း‌ ရွှေ့ခိုင်းပြီး မိုင်းယွန်းကျေးရွာအုပ်စုရှိ ကျေးရွာများကို လုတ်တောင်းကျေးရွာဘက်သို့ ပြောင်းရွှေ့ရမယ်လို့ SSPP/SSA ရဲ့ မြို့နယ်အမှတ်(၃၅)မှ ဗိုလ်အဆင့်ရှိတဲ့ စိုင်းနော်ခမ်း က ဒေသခံများကို ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

 

“ အခု SSPP က ကျေးရွာပြောင်းရွှေ့ခိုင်းတဲ့ပုံစံက စကစနဲ့ သွားတူနေတယ်၊ ၁၉၇၈ ခုနှစ် နဲ့ ၁၉၉၇ ခုနှစ်တုန်းကလည်း သျှမ်းပြည်သူများကို အလားတူဖြစ်ရပ်မျိုးဖြစ်တဲ့ ကျေးရွာရွှေ့ပြောင်း စုနေခိုင်းပြီး စစ်တပ်ရဲ့ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းခံခဲ့ရတယ်” လို့ စစ်ရေးလေ့လာ စောင့်ကြည့်သူတစ်ဦးက Hsan Loi Voice ကိုပြောပါတယ်။

 

ဒါ့အပြင် ယခုလို ကျေးရွာများ ပြောင်းရွှေ့ခိုင်းပြီး တစ်စုတစ်စည်းတည်းဖြစ်အောင် နေထိုင်စေခြင်းသည် အချိန်မရွေး စစ်အင်အားအတွက် အလွယ်တကူ ပေါ်တာဆွဲနိုင်တယ်လို့ ဆက်ပြောပါတယ်။

 

ပြောင်းရွှေ့ရတဲ့အထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်များအပါအဝင် နာမကျန်းသူများလည်း ပါဝင်ကာ ယခုလက်ရှိ ဆားတောကျေးရွာမှ ဒေသခံများက နမ့်ကတ်ကျေးရွာဘက်သို့ ပြောင်းရွှေ့နေပြီး ပြောင်းရွှေ့ရတဲ့ ကျေးရွာများမှ အိမ်ခြေအရေအတွက် အသေးစိတ်မသိရသေးကြောင်း စစ်ရေးသတင်း ရင်းမြစ်မှ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက နမ့်စန်မြို့နယ်နဲ့ ၁၃ မိုင်လောက် ကွာဝေးတဲ့ နောင်ဟီးကျေးရွာ အုပ်စုအတွင်း SSPP တပ်ပေါင်းစုနဲ့ RCSS တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူများကလည်း နမ့်စန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။