နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လက်ရှိစစ်‌ရေးပြဿနာပြေလည်စွာဖြေရှင်းနိုင်ဖို့ TNLA နဲ့ စစ်ကောင်စီတို့ ကူမင်းမှာတွေ့ဆုံဆွေးနွေးမည်

လက်ရှိစစ်‌ရေးပြဿနာပြေလည်စွာဖြေရှင်းနိုင်ဖို့ TNLA နဲ့ စစ်ကောင်စီတို့ ကူမင်းမှာတွေ့ဆုံဆွေးနွေးမည်

Hsan Loi Editor
15/02/2025
Share:

 

တရုတ်အစိုးရရဲ့ ကြားဝင်စီစဉ်မှုနဲ့ လက်ရှိစစ်ရေးပြဿနာတွေ ပြေလည်စွာ ဖြေရှင်းနိုင်ဖို့ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက် မနက်ဖန်မှာ ပလောင်တပ် TNLA နဲ့ စစ်ကောင်စီတို့ ကူမင်းမှာတွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

 

TNLA ရဲ့ ကိုယ်စားလှယ်များက မြန်မာကိုယ်စားလှယ်များနဲ့ တွေ့ဆုံရန်အတွက် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေပြီဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။

 

PSLF/TNLA ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား က ဦးဆောင်ပြီး ကိုယ်စားလှယ် ၉ ဦး တက်ရောက်မှာဖြစ်ကာ စစ်ကောင်စီ ကိုယ်စားလှယ်ဖက်ဘက်မှာတော့ MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး မှ ဦးဆောင်မှာဖြစ်တယ်လို့ TNLA ရဲ့ သတင်းရင်းမြစ်က သိရပါတယ်။