နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

(၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့သမိုင်းဝင်ပြခန်းကို RCSS ဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်ပေး

(၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့သမိုင်းဝင်ပြခန်းကို RCSS ဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်ပေး

Hsan Loi Editor
05/02/2025
Share:

 

လာမယ့် ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ကျရောက်မယ့် (၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သမိုင်းဝင်ပြခန်းဖွင့်ပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က တက်ရောက်ဖွင့်လှစ်‌ပေးခဲ့တယ်လို့ သိရပါတယ်။

 

သမိုင်းဝင်ပြခန်းဖွင့်ပွဲကို ယနေ့ ဇန်နဝါရီလ (၅)ရက် နံနက်ပိုင်းက သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ နားဆာလဲ‌ကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းမှာကျင်းပသွားတာဖြစ်ပါတယ်။

 

(၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ပွဲကိုသျှမ်းပြည်သူလူထုနဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပူးပေါင်းပြီး (၂)ရက်သာ ကျင်းပသွားမယ်လို့ သိရပါတယ်။