နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်နယ်မြေမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ(၁၃)ဦး သေဆုံးပြီး (၂၆)ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်နယ်မြေမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ(၁၃)ဦး သေဆုံးပြီး (၂၆)ဦး ဒဏ်ရာရ

Hsan Loi Editor
04/02/2025
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်တဲ့နယ်မြေမှာ ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ(၁၃)ဦး သေဆုံးပြီး(၂၆)ဦး ဒဏ်ရာရတယ်လို့ TNLA က ယမန်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ(၈)ရက်က စစ်ကောင် စီဘက်မှ လေကြောင်းနဲ့ ဗုံး(၂၀)လုံးခန့် လာရောက်ကြဲကျတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူများရဲ့နေအိမ်(၅)လုံးနဲ့ ဘုန်းကြီးကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၁)ရက်နဲ့ (၂၂)ရက်မှာလည်း နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတာကြောင့် (၉)ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ် (၉)လုံးနဲ့ ဘုန်ကြီးကျောင်း(၁)ကျောင်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။

 

ဒါ့အပြင် ကျောက်မဲမြို့နယ်ရှိ ခရိုင်ရုံးနဲ့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဇန်နဝါရီလ(၂၅)ရက်နဲ့ (၂၆)ရက်နေ့မှာ ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် (၄)ဦးသေဆုံးပြီး (၂၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁၂)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့တဲ့ စစ်ကောင်စီ လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေများကို အုပ်ချုပ်‌ ရေး ယန္တရား မလည်ပတ်နိုင်အောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။