သျှမ်းပြည်နယ်၊ လဲချားမြို့နယ်အတွင်းရှိ အချို့ကျေးရွာများ SSPP နှင့် မဟာမိတ်များထံ ဆန် ပေးရန် တောင်းဆိုနေကြောင်း ယနေ့ သိရပါသည်။
“ဝမ်မတ်လန်းရွာကို ဆန် အိတ် (၈၀) လောက် ပေးဖို့ လာတောင်းပါတယ်၊ လူက ၃ ယောက်ပေးပါတဲ့၊ တောင်းတောင်းပန်ပန်နဲ့ သွားပြောကြတော့ အိတ် (၃၀) လောက် နဲ့ အဆင်ပြေသွားတယ်” ဟု ဒေသခံတဦးက ပြောပါသည်။
တပ်သားသစ် ၃ ဦးပေးရန် တောင်းဆိုမှုကို မပေးရသေးဟု ပြောပါသည်။
လဲချားမြို့နယ်အတွင်းရှိ ဝမ်ထီကျေးရွာကိုလည်း SSPP နှင့် မဟာမိတ်များ တောင်းဆိုခဲ့သော်လည်း ပြည်သူ့စစ်အဖွဲ့ (၇၅၈) ထိန်းချုပ်နယ်မြေဖြစ်နေသောကြောင့် ပေးအပ်ရန်မလိုတော့ကြောင်း ပြောပါသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/