နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ်မှာရှိတဲ့ မြန်မာကျောင်းသား(၁၉၀)ကျော် ပညာသင်ကြားနေတဲ့ စာသင်ကျောင်းကို တရားမဝင်ဖွင့်လှစ်ထားတယ်လို့ဆိုပြီး အာဏာပိုင်များက ဝင်ရောက်စစ်ဆေးကာ သင်ကြားသူ(၄)ဦးအား ဖမ်းဆီး

ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ်မှာရှိတဲ့ မြန်မာကျောင်းသား(၁၉၀)ကျော် ပညာသင်ကြားနေတဲ့ စာသင်ကျောင်းကို တရားမဝင်ဖွင့်လှစ်ထားတယ်လို့ဆိုပြီး အာဏာပိုင်များက ဝင်ရောက်စစ်ဆေးကာ သင်ကြားသူ(၄)ဦးအား ဖမ်းဆီး

Hsan Loi Editor
30/01/2025
Share:

 

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်မှာရှိတဲ့ Koh Phangan International Church ကျောင်းမှာရှိတဲ့ မြန်မာကျောင်းသား(၁၉၀)ကျော် ပညာသင်ကြားနေသော စာသင်ကျောင်းတစ်ကျောင်း ကို ခွင့်ပြုချက်မရှိဘဲ တရားမဝင်ဖွင့်လှစ်ထားတယ်လို့ဆိုကာ ယမန်နေ့က ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီး မြန်မာစာသင်ကြားသူ ဆရာ/မ (၄)ဦးအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများ ထံမှ သိရပါတယ်။

 

အာဏာပိုင်များ စစ်ဆေးရာတွင် အဆိုပါကျောင်းကို မြန်မာကလေးငယ် (၁၉၀)ကျော် ပညာ သင်ကြားနေပြီး မြန်မာရွေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များဖြစ်ကြကာ ကျောင်းသားတစ်ဦး ကို တစ်လအတွက် ဘတ် ၃၀၀ မှ ၅၀၀ အထိ ကောက်ခံတယ်လို့ သိရပါတယ်။

 

လက်ရှိကျောင်းကိုတော့ ပိတ်သိမ်းထားပြီး ကျောင်းနဲ့ ပါဝင်ပတ်သက်သူများကို “ခွင့်ပြုချက်မရှိဘဲ ကျောင်းတည်ထောင်ခြင်းနဲ့ အလုပ်လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း” စတဲ့အချက်တွေနဲ့ တရားစွဲဆိုထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း ထိုင်းနိုင်ငံအတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားများရဲ့ ကလေးများကို ပညာသင်ကြားပေးတဲ့ မြန်မာကျောင်း(၆)ကျောင်းကို တရားမဝင်ဖွင့်လှစ်သင်ကြားတယ် လို့ဆိုပြီး ထိုင်းအာဏာပိုင်တွေက ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။