နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့လုပ်ငန်း တွေကို ကူညီဆောင်ရွက်ပေးရန် မင်းအောင်လှိုင် က တရုတ်ကို ပန်ကြား

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့လုပ်ငန်း တွေကို ကူညီဆောင်ရွက်ပေးရန် မင်းအောင်လှိုင် က တရုတ်ကို ပန်ကြား

Hsan Loi Editor
26/01/2025
Share:

 

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေတဲ့ လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တရုတ်ကို ပန်ကြားထားပါတယ်။

 

ယမန်နေ့ ညနေပိုင်းက ရန်ကုန်ရှိ သုဝဏ္ဏအားကစားရုံ(၁)မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူး ပွဲတော်မှာ မင်းအောင်လှိုင် က အခုလိုပြောကြားတာဖြစ်ပါတယ်။

 

ဒါ့အပြင် နိုင်ငံတော်ကို စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် လျှောက်လှမ်းနိုင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဒီလိုဆောင်ရွက်ရာမှာ အောင်မြင်တဲ့အရွေ့များ ဖြစ်ပေါ်လာမှုသည် တရုတ်နိုင်ငံ၏ အားပေးကူညီမှုများကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတည်ရှိမှု၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် ယခု ၂၀၂၅ ခုနှစ်မှစပြီး တရုတ်နှစ်သစ်ကူးနေ့ကို နိုင်ငံတော်၏ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ရပ်တည် ချက် သဘောထားအပေါ် အလေးထားအသိအမှတ်ပြုမှုကို ဖော်ပြတာဖြစ်တယ်လို့ ပြောပါတယ်။

 

နှစ်နိုင်ငံရင်းနှီးတဲ့ဆက်ဆံရေးကို မလိုလားကြတဲ့ ပြည်တွင်းပြည်ပက အဖွဲ့များအနေနဲ့လည်း နည်းလမ်းမျိုးစုံအသုံးပြုပြီး သွေးခွဲနေကြကာ နှစ်နိုင်ငံ တာဝန်ရှိသူများနဲ့ ပြည်သူများအားလုံးက အထူးဂရုစိုက်ဖို့လိုပြီး တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ လှပတဲ့ အနာဂတ်ကို အတူတည်ဆောက်သွားမည်ဖြစ် တယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။