နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမှာ တရုတ်နှစ်သစ်ကူးပွဲ တစ်လကြာကျင်းပမယ်

လားရှိုးမှာ တရုတ်နှစ်သစ်ကူးပွဲ တစ်လကြာကျင်းပမယ်

Hsan Loi Editor
25/01/2025
Share:

 

ကိုးကန့်တပ် (MNDAA)ကသိမ်းယူထားပြီး အထူးဒေသ (၁) အဖြစ် သတ်မှတ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ တရုတ်နှစ်သစ်ကူးပွဲ တစ်လကြာ ကျင်းပမယ်လို့ သိရပါတယ် ။

 

လာမယ့် ဇန်နဝါရီ ၂၈ ရက်ကနေ ဖေဖော်ဝါရီလကုန်အထိ တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

” ရိုးရာအကအလှတွေ၊တိုင်းရင်းသား‌ပေါင်းစုံရဲ့ရိုးရာအကတွေ၊ ရိုးရာဂျင်ပေါက်ပြိုင်ပွဲတွေနဲ့ စည်စည်ကားကားကျင်းပသွားမှာပါ၊ဈေးဆိုင်ခန်းတွေ၊ကလေးကစားကွင်းနဲ့ပျော်ရွှင်ဖွယ်ရာ စုံလင်စွာ ပါမှာဖြစ်တဲ့အတွက် လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်” လို့

နှစ်သစ်ကူးအခမ်းအနားဖြစ်မြောက်ရေးတာဝန်ရှိသူက

ပြောပါတယ်။

 

လားရှိုးမြို့ကို MNDAA က ၂၀၂၄ ခုနှစ် သြဂုတ်လမှာ သိမ်းယူပြီး အထူးဒေသ (၁) အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ လားရှိုးမြို့သိမ်းယူခံရချိန်က စစ်ကောင်စီဟာ နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေအပြင် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

 

MNDAA နဲ့ စစ်ကောင်စီကိုယ်စားလှယ်တို့ဟာ တရုတ်အစိုးရရဲ့ကြားဝင်စေ့စပ်ပေးမှုတွေကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ဇန်နဝါရီ ၁၈ ရက်နေ့ကစလို့ အပစ်အခတ်ရပ်စဲဖို့ နှစ်ဘက်သဘောတူခဲ့ကြပြီး လက်ရှိ လားရှိုးမြို့မှာ MNDAA က တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်နေပါတယ်။

 

အပစ်ရပ်ပြီးနောက် လားရှိုးမြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတချို့ နေရပ်ပြန်လာနေကြသလို ကိုးကန့်ဒေသနဲ့ တရုတ်နယ်စပ်ကို ဆက်သွယ်ထားတဲ့ ကိုးကန့်ဒေသ ချင်းရွှေဟော်နဲ့ ရန်လုံကျိုင်း နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ် ။

 

Photo – လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့