သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အာဆီယံအများသုံး သန့်စင်ခန်းဆု တောင်ကြီးမြို့ကရရှိ

အာဆီယံအများသုံး သန့်စင်ခန်းဆု တောင်ကြီးမြို့ကရရှိ

Hsan Loi Editor
25/01/2025
Share:

 

ယခုလ ဇန်နဝါရီ အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့က အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ မြန်မာက ဆု(၂) ရရှိခဲ့တယ်လို့ သိရပါတယ် ။

 

အဲဒီဖိုရမ်မှာ အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆု၊ အာဆီယံ Spa ဝန်ဆောင်မှုဆု၊ အာဆီယံအများသုံး သန့်စင်ခန်းဆု ဆိုပြီး ဆုအမျိုးအစား ၃ ခု ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့ ဆု ၃ ဆုအတွက် စာရင်းတင်သွင်းခဲ့ရာ ဆု (၂)ဆု ရရှိခဲ့တယ်လို့ စစ်ကောင်စီ ရဲ့ သျှမ်းပြည်နယ်အစိုးရအဖွဲ့ထုတ်ပြန်စာကနေ သိရပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ အဲဒီအမျိုးအစား သုံးခုစလုံးကို ဝင်ရောက်ယှဉ်ခဲ့တာဖြစ်ပြီး အာဆီယံလူထုအခြေပြု ခရီးသွား လုပ်ငန်းဆုအတွက် ပင်းတယမြို့နယ်၊ ဆီးကျအင်းကျေးရွာရှိ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း CBT၊ အာဆီယံ Spa ဝန်ဆောင်မှုဆုအတွက် Jasmine Taunggyi Hotel ရှိ Jasmine Spa ၊ အာဆီယံ အများသုံး သန့်စင်ခန်းဆု တောင်ကြီးမြို့စူဠာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

 

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆုတွေအနက် အာဆီယံ လူထုအခြေပြု ခရီးသွားလုပ်ငန်းဆု (ASEAN CBT Award) အတွက် ပင်းတယမြို့နယ် ဆီးကျအင်းကျေးရွာရှိ CBT ၊ အာဆီယံအများသုံး သန့်စင်ခန်းဆုအတွက် တောင်ကြီးမြို့ စူဠာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့က ဆုရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။