TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်မှာ ယနေ့ ဇန်နဝါရီလ(၂၅)ရက် မွန်းလွှဲ ၁ နာရီကျော်အချိန်က စစ်ကောင်စီမှ ဂျက်ဖိုက်တာနဲ့ ဗုံး(၂)ကြိမ် လာရောက်ကြဲချတယ်လို့ စုံစမ်းသိရပါတယ်။
“ ဆေးရုံနားမှာ ကျတယ်လို့ ပြောကြတယ်၊ သွားမကြည့်ရဲတော့ ထိခိုက်မှုအတိအကျတော့ မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောသည်။
ဗုံးကြဲမှုကြောင့် ထိခိုက်မှုအခြေအနေ အသေး စိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၃)ရက်နေ့ကလည်း ကျောက်မဲမြို့နယ်က မြို့ပြင်ရှိ တိုးဂိတ်အနီးမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။