သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းပြီး စစ်မှုထမ်း အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက် မရရှိပဲ ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့်မရှိ‌ စေရဟုဖော်ပြပါရှိ

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းပြီး စစ်မှုထမ်း အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက် မရရှိပဲ ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့်မရှိ‌ စေရဟုဖော်ပြပါရှိ

Hsan Loi Editor
24/01/2025
Share:

 

စစ်မှုထမ်းရန် အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရရှိဘဲ ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့်မရှိစေရဆိုတဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ယမန်နေ့ ဇန်နဝါရီလ(၂၃)ရက်က စစ်ကောင်စီက ထုတ်ပြန်ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

 

နည်းဥပဒေများကို အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၅၉)ပိုဒ်၊ နောက်ဆက်တွဲပုံစံ (၁၂)ခုနဲ့ ဖော်ပြထားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်း အရာများကို ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေးခြင်းများကို အခြေခံကျောင်းသင်ရိုးညွှန်းတမ်းများမှာ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းပို့ချနိုင်ဖို့ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

 

စစ်မှုထမ်းရမည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်းသည် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခံရသူက လာရောက်သတင်းပို့ရန် ပျက်ကွက်ပါက မြို့နယ်အဖွဲ့က ပျက်ကွက်သူရဲ့ မိသားစုထံ သွားရောက် စုံစမ်းစစ်ဆေးရမယ်လို့ ပါရှိပါတယ်။

 

အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များအနေနဲ့ စစ်မှုထမ်းရန် ပျက်ကွက်ပါက ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေချမှတ်နိုင်ပြီး စစ်မှုထမ်းရန် တိမ်းရှောင်ကြံစည်မည်ဆိုပါက ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပြဋ္ဌာန်းဖော်ပြထားတယ်လို့ သိရပါတယ်။

 

Photo- ပြည်သူ့စစ်မှုထမ်း