စစ်ခေါင်းဆောင်ရဲ့ လမ်းညွန်ချက်အတိုင်း မိမိအဖွဲ့အစည်းက အားကိုးရတဲ့ ခေါင်းဆောင်ကောင်း များဖြစ်စေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မြော်မြင်နိုင်မှုနဲ့ ဗဟုသုတကြွယ်ဝစေရန် အတွက် စာပေကောင်းများကို ဖတ်ရှုသွားရန်လိုအပ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း က ပြောပါတယ်။
ယမန်နေ့ ဇန်နဝါရီလ(၂၃)ရက် သန်လျင်တပ်နယ်မှာ ကျင်းပတဲ့ တပ်မတော်(ရေ)ရဲ့ အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဥ်(၈၄)နဲ့ အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်း အမှတ်စဥ်(၅၈) သင်တန်း ဆင်းပွဲ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပညာရပ်ပိုင်းဆိုင်ရာများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒညွှန်ကြားချက်များအား စဉ်ဆက်မပြတ် လေ့လာရမည့်အပြင် အသိပညာဗဟုသုတ ပြည့်ဝရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို မျက်ခြည်မပြတ်စေရန် လေ့လာမှတ်သားနေရန်လိုအပ်တယ်လို့ ပြောပါတယ်။
သင်တန်းကာလအတွင်း ရေကြောင်းသွားလာရေးဆိုင်ရာပညာရပ်များ၊ ရေကြောင်းအင်ဂျင်နီယာ ဆိုင်ရာပညာရပ်များ၊ ရေတပ်လက်နက်နှင့် လက်နက်စနစ်ဆိုင်ရာပညာရပ်များနှင့် ရေတပ်အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာပညာရပ်များကို စာတွေ့သင်ကြားပေးခဲ့သည့်အပြင် ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်မှု များကိုလည်း စစ်ရေယာဉ်များတွင် တွဲဖက်လေ့ကျင့်သင်ကြား ပေးခဲ့တယ်လို့သိရပါတယ်။