နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတိုက်ရဲ့ ပထမဆုံး လိင်တူစုံတွဲ လက်ထပ်နိုင်တဲ့ ဥပဒေ စတင်အကျိုးသက်ရောက်

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတိုက်ရဲ့ ပထမဆုံး လိင်တူစုံတွဲ လက်ထပ်နိုင်တဲ့ ဥပဒေ စတင်အကျိုးသက်ရောက်

Hsan Loi Editor
23/01/2025
Share:

 

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတိုက်ရဲ့ ပထမဆုံး လိင်တူစုံတွဲ လက်ထပ်နိုင်တဲ့ ဥပဒေ ကို ယနေ့ ဇန်နဝါရီလ(၂၃)ရက်မှာ စတင်အကျိုးသက်ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

 

ထိုင်းနိုင်ငံရဲ့ လိင်တူလက်ထပ်ခြင်း ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လက ပါလီမန်မှာ မဲခွဲဆုံးဖြတ် ပြီး ၎င်းဥပဒေကို အောက်တိုဘာလက ဘုရင်မင်းမြတ် မှ အတည်ပြုခဲ့ကာ ရက်ပေါင်း ၁၂၀ အကြာမှာ စတင်အသက်ဝင်ခဲ့တာပဲဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ လိင်တူစုံတွဲ ရာနဲ့ချီက ယနေ့ထိမ်းမြားလက်ထပ်ရန် စီစဥ်ထားကြပြီး ဘန်ကောက်မြို့မှာရှိတဲ့ Siam Paragon စျေးဝယ်စင်တာမှာ အထူးလက်မှတ်ရေးထိုးပွဲ ပြုလုပ်ပေးမှာဖြစ်ပြီး ထိုင်းနိုင်ငံတဝှမ်းမှ ခရိုင်ရုံးများမှာလည်း လိင်တူစုံတွဲများ လက်မှတ်ရေးထိုး သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

 

“ သင့်ရဲ့ကျား၊မ ဒါမှမဟုတ် သင်ချစ်တဲ့ ဘယ်သူပဲဖြစ်ဖြစ် အချစ်ဆိုတာ ကန့်သတ်ချက်တွေနဲ့ မျှော်လင့်ချက်တွေမရှိဘူး၊ လူတိုင်းကို တူညီတဲ့ ဥပဒေတွေ အောက်မှာ အကာအကွယ်ပေးလိမ့်မယ်” လို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားထားပါတယ်။

 

ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ နိုင်ငံအများစုကတော့ အစဉ်အလာနဲ့ ရှေးရိုးဆန်တဲ့ အယူအဆများကို ဆက်လက်ထိန်းသိမ်းထားပြီး LGBTQ များအနေနဲ့ နေ့စဉ်ဘ၀မှာ အတားအဆီးများနဲ့ ခွဲခြားဆက်ဆံမှုတွေ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 

Photo – Internet