ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ တရားဝင်အပစ်ရပ်စဲပြီလို့ သတင်းထွက်ပြီး စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းကလွှဲလို့ “ ဝ”  ကနေ ကိုးကန့်ဒေသ ဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်း ခွင့်ပြုရန် တရုတ်အကြောင်းကြားစာနဲ့ စတင်ခွင့်ပြု

ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ တရားဝင်အပစ်ရပ်စဲပြီလို့ သတင်းထွက်ပြီး စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းကလွှဲလို့ “ ဝ” ကနေ ကိုးကန့်ဒေသ ဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်း ခွင့်ပြုရန် တရုတ်အကြောင်းကြားစာနဲ့ စတင်ခွင့်ပြု

Hsan Loi Editor
20/01/2025
Share:

 

ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ တရားဝင်အပစ်ရပ်စဲပြီလို့ သတင်းထွက်ပေါ်လာပြီး စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းကလွှဲလို့ “ ဝ” ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်း ခွင့်ပြုရန် တရုတ်အကြောင်းကြားစာနဲ့ စတင်ခွင့်ပြု ဝဒေသကလာတဲ့ သတင်းအရ သိရပါတယ်။

 

ကိုးကန့်ဒေသနဲ့ “ ဝ” ဒေသက ဟိုပန်ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားပေါ်မှ မော်တော် ယာဉ်၊ လူနဲ့ ကုန်စည်တွေ ထိန်းချုပ်တာ အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ရန် ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးမှ အကြောင်းကြားစာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားကြောင်း ဝ လူငယ့်အသံက ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်ထားလိုက်တာကြောင့် သျှမ်းမြောက်က ဒေသခံတွေ အခက်ကြုံနေရတာဖြစ်ပြီး ယခုချိန်မှာတော့ တရုတ်နယ်စပ်ဂိတ် ဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်အပြင် “ ဝ” – တရုတ်နယ်စပ်က နမ့်တစ်(မန်ခါး) ဂိတ်တို့ကို ယမန်နေ့က ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။