နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရွေးကောက်ခံသမ္မတ Trump ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာပဲ အမေရိကန်မှာ TikTok ပြန်လည်အသုံးပြုနိုင်

ရွေးကောက်ခံသမ္မတ Trump ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာပဲ အမေရိကန်မှာ TikTok ပြန်လည်အသုံးပြုနိုင်

Hsan Loi Editor
20/01/2025
Share:

 

ရွေးကောက်ခံသမ္မတ Trump ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာပဲ အမေရိကန်မှာ TikTok ပြန်လည် အသုံးပြုနိုင်ပြီဖြစ်တယ်လို့ Fox News သတင်းဌာနမှသိရပါတယ်။

 

အမေရိကန်မှာ Tik Tok ကို ပိတ်ပင်ဖို့ ဥပဒေအဖြစ် သမ္မတ ဂျိုးဘိုင်ဒန် က လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ သောကြာနေ့က တရားရုံးက လက်မှတ်ရေးထိုးအတည်ပြုကာ Tik Tok မှာ သတိပေးစာ ပေါ်လာပြီးနောက် အသုံးပြုလို့မရကြောင်း သိရပါတယ်။

 

တနင်္ဂနွေနေ့လယ်က Trump အား ဂုဏ်ပြုသော မက်ဆေ့ခ်ျအသစ်တစ်ခု သုံးစွဲသူများထံ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

 

“ ကြိုဆိုပါတယ်၊ “ မင်းရဲ့ စိတ်ရှည်သည်းခံမှုနဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်။ သမ္မတ Trump ရဲ့ ကြိုးပမ်းမှုကြောင့် TikTok ဟာ US ကို ပြန်လည်ရောက်ရှိလာပါပြီ” လို့ မက်ဆေ့ချ်မှာ ဖော်ပြလာပါတယ်။

 

Trump က ဒေသစံတော်ချိန် တနင်္လာနေ့ မွန်းတည့်ချိန်ခန့် US Capitol တွင် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပြီး ၄၇ ယောက်မြောက် သမ္မတအဖြစ် တရားဝင် တာဝန်ယူမှာပဲ ဖြစ်ပါတယ်။