နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီး- ကက္ကူ သွားလမ်းတွင် ဓါးပြမှုများ ဆက်တိုက်ဖြစ်ပွား

တောင်ကြီး- ကက္ကူ သွားလမ်းတွင် ဓါးပြမှုများ ဆက်တိုက်ဖြစ်ပွား

Hsan Loi Editor
22/12/2022
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဘုရားဖူးဧည့်သည်များအများအပြားလာရောက်လည်ပတ် လေ့ရှိသည့် တောင်ကြီး- ကက္ကူ လမ်းမအနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဓါးပြတိုက်မှု များဆက်တိုက်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

“လင်မယားနှစ်ယောက် တောင်ကြီးကနေ ကုန်ပို့ပြီးအပြန်ပင်စုံမှာဖြစ်သွားတာ ၊ ဖုန်းတွေရောပိုက်ဆံတွေရော ကားလိုင်စင်တွေရော ပါသွားတယ်၊ ဓါးပြကောင်တွေက သူတို့မျက်နှာတောင်မအုပ်တော့ဘူး အရမ်းအတင့်ရဲနေပြီ ၊ ကျွန်တော်တို့ဒေသမှာ အရင်တုန်းက ဒီလိုမျိုး ကြားတောင်မကြားခဲ့ဖူးဘူး” ဟု သျှမ်းတောင်ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က ဆီဆိုင်မြို့တွင်နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦး တောင်ကြီးသို့ ကုန်ပို့ပြီးအပြန်လမ်း ပင်စုံကျေးရွာအနီးတွင် အမည်မသိအမျိုးသားနှစ်ဦးမှ ဓါးဖြင့်ထောက်၍ ဖုန်း ၂ လုံး ၊ ငွေသား ၂၂ သိန်းကျော်နှင့် ကားလိုင်စင်တို့ကို လုယူသွား ခြင်းဖြစ်သည်။

“ကားလမ်းလည်းကောင်းတယ် ခရီးလည်းသွင်တော့ အဲ့ဒီလမ်းကို တော်တော်များများ ဖြတ်သန်းသွားလာကြတာပေါ့ ၊ ခုရက်ပိုင်းအဲ့ဒီဖက်ကို ဘယ်ကုန်ကားမှ မသွားရဲကြဘူး ဒီလထဲမှာပဲ လူငယ်တစ်ယောက်လဲ အဲ့ဒီ ပင်စုံရွာအနီးမှာပဲ ဆိုင်ကယ်လုခံရတာပါသွားတယ် ၊ ခုအခြေအနေက ဘယ်မှာမှ မလုံခြုံတော့ဘူး ” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါကက္ကူဒေသတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့များ နယ်မြေစိုးမိုးထားသော ဒေသဖြစ်သည်။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/