နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဖြစ်ပြီး ပေးအပ်သည့်စစ်ဆင်ရေးနှင့် ပျံသန်းရေးတာဝန်များကို နေရာ အချိန်အခါမရွေး အင်ပြည့်အားပြည့် ထမ်းဆောင်နိုင်ရမယ်လို့ လေတပ်ဦးစီးချုပ်ပြော

တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဖြစ်ပြီး ပေးအပ်သည့်စစ်ဆင်ရေးနှင့် ပျံသန်းရေးတာဝန်များကို နေရာ အချိန်အခါမရွေး အင်ပြည့်အားပြည့် ထမ်းဆောင်နိုင်ရမယ်လို့ လေတပ်ဦးစီးချုပ်ပြော

Hsan Loi Editor
17/01/2025
Share:

 

မျိုးဆက်သစ်လေသူရဲများအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေမည်ြ ဖြစ်ပြီး ပေးအပ်သည့် စစ်ဆင်ရေးနဲ့ ပျံသန်းရေးတာဝန်များကို နေရာအချိန်အခါမရွေး အင်ပြည့် အားပြည့် ထမ်းဆောင်နိုင်ရမယ်လို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် က ပြောပါတယ်။

 

ယမန်နေ့ ဇန်နဝါရီလ(၁၆)ရက်က မိတ္ထီလာမြို့မှာ ကျင်းပတဲ့ လေယာဥ်မောင်းသင်တန်း အမှတ်စဥ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်တိုက်ပွဲဝင်ရာမှာဖြစ်စေ၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် အခြားတာဝန်များကို ထမ်းဆောင်ရာမှာဖြစ်စေ၊ စိတ်ဓာတ်မြင့်မားခိုင်မာနေမှသာ ပေးအပ်တဲ့လုပ်ငန်း တာဝန်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ထမ်းဆောင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ စစ်ကောင်စီက ထုတ်ပြန် ထားသည့် အမိန့်နဲ့ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ၊ လုပ်ထုံးလုပ်နည်းများကို အပြည့်အဝ လိုက်နာစောင့်ထိန်းရမည်ဖြစ်ပြီး ပျံသန်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို လည်း အတိအကျ လိုက်နာလုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ တိုက်တွန်းပြောကြားထားပေမယ့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ နေရာများကို စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်မှုများကို နေစဉ်နှင့်အမျှ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်လျက်ရှိပါတယ်။