ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်ဂူဒေသမှာ စစ်ကောင်စီက ဒီရက်ပိုင်းထဲ စစ်အင်အားဖြည့်တင်း ၊ (DPLA) နဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ 

ကျောက်ဂူဒေသမှာ စစ်ကောင်စီက ဒီရက်ပိုင်းထဲ စစ်အင်အားဖြည့်တင်း ၊ (DPLA) နဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ 

Hsan Loi Editor
16/01/2025
Share:

 

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ကျောက်ဂူဒေသမှာစစ်ကောင်စီကဒီရက်ပိုင်းထဲ စစ်အင်အား ဖြည့်တင်းနေပြီးဓနုပြည်သူ့လွတ်မြောက် ရေး တပ်တော်(DPLA)နဲ့လည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွား နေတယ်လို့ သိရပါတယ် ။

 

ကျောက်ဂူဒေသမှာ ဇန်နဝါရီလ ၁၅ (မနေ့က )စစ်ကောင် စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ကြောင့် ရွာသားတစ်ဦး လက်နတ်ကြီးစမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ် ။ ဒါ့အပြင်ဇန်နဝါရီလ(၁၄)ရက်နေ့ မနက်ပိုင်းမှာ ကျောက်ဂူတိုက်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ DPLA ၂နာရီအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီရဲ့ လက်နက် ကြီးပစ်ခတ်မှုကြောင့်အရပ်သားနေအိမ်(၂)လုံးမီးလောင် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ် ။

 

စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူ လူထုနေထိုင်ရာ ကျေးရွာတွေကို လက်နက် ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ခဲကြားရွာထဲ နဲ့ ဖက်ရင်းကုန်းရွာထဲကို လက်နက် ကြီးထိမှန်ပြီး အဆောက်အဦးပျက်စီး ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့ DPLA သတင်းနဲ့ ပြန်ကြားရေးက ဖော်ပြထားပါတယ် ။