နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာစေရေး 7 EAO Alliance ဆွေးနွေး

သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာစေရေး 7 EAO Alliance ဆွေးနွေး

Hsan Loi Editor
14/01/2025
Share:

 

သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာစေရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance က ယနေ့ ဇန်နဝါရီလ(၁၄)ရက်မှာ ဦးဆောင်အဖွဲ့ အစည်းအဝေးကျင်းပခဲ့ပါတယ်။

 

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှနေ့စဥ် ရင်ဆိုင်ကြုံတွေ့နေရ သော လူမှုဒုက္ခမျိုးစုံအား သုံးသပ်ခဲ့ကြကာ လက်ငင်းနိုင်ငံရေးအကြပ်အတည်းမှ လွန်မြောက်နိုင်ရေး အတွက် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး ဆွေးနွေးသွားကြတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာစေရေး၊ ငြိမ်ချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေး၊ EAO များအတွင်း Coordination and Cooperation ပိုမိုရရှိလာစေရေးနဲ့ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဥ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

 

အစည်းအဝေးမှာ သဘာပတိ(၁)အဖြစ် ဦးဆောင်အဖွဲ့-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် နဲ့ သဘာပတိ(၂)အဖြစ် ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း က ဆောင်ရွက်ခဲ့ပြီး ဦးဆောင်အဖွဲ့ဝင် များ၊ အတွင်းရေးမှူး အဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအသီးသီးတို့၏ Coordinator များ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြပါတယ်။

 

7 EAO Alliance ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ပါဝင်ပါတယ်။