တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာများကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ ဇန်နဝါရီလ(၁၁)ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ဆီဆိုင်မြို့နယ်ရှိ ဖြီကျွတ်ကျေးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တောင် ယာ မှ ပြန်လာတဲ့ ဒေသခံပြည်သူ ၃ ဦး အနက် သားအမိ ၂ ဦး သေဆုံးသွားပြီး ကျန်အမျိုးသမီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၃၁)ရက်နေ့ကလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ရဲ့ ဌာနချုပ်ရှိရာ မောက်မယ်မြို့နယ်၊ ဗန်းမတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဌာနချုပ်ရှိ ဆေးပေးခန်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
