ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးမြို့ ကံကြီးရပ်မှာ Happy Water တွေဖမ်းဆီးရမိ

တောင်ကြီးမြို့ ကံကြီးရပ်မှာ Happy Water တွေဖမ်းဆီးရမိ

Hsan Loi Editor
11/01/2025
Share:

 

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ရေခြံလမ်းက နေအိမ်တစ်ခုမှာ ငွေကျပ် ၂၁၂၆.၈၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water တွေဖမ်းဆီးရမိတယ်လို့ CCDAC MYANMAR ကဖော်ပြချက်အရသိရပါတယ် ။

 

ဇန်နဝါရီ ၉ ရက်နေ့ကရေခြံလမ်းထဲက နေအိမ်တစ်ခုမှာ ပူးပေါင်းတပ်ဖွဲ့တွေသတင်းအရ ၀င်ရောက်ရှာဖွေခဲ့ပြီးအသက် ၃၄ နှစ် အရွယ်အမျိုးသားတစ်ဦး ထံက စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၉၃၃၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁၂၆.၈၅ သိန်း)၊ မြန်မာငွေကျပ်သိန်း ၂၉၀ နဲ့ မော် တော်ယာဉ် ၇ စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ် ။

 

မူးယစ်ဆေးဝါးနဲ့အတူဖမ်းဆီးရမိတဲ့ အမျိုးသားကို လက်ရှိတောင်ကြီးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ် ။