နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်တော်မြို့ရှိ ရပ်ကွက်နှင့် ဈေးအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်

ကျောက်တော်မြို့ရှိ ရပ်ကွက်နှင့် ဈေးအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်

Hsan Loi Editor
11/01/2025
Share:

 

ယနေ့ ဇန်နဝါရီလ(၁၁)ရက် နံနက်ပိုင်းက ရခိုင် ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်နှင့် ဈေး အပါအဝင် လူနေထူထပ်သည့် နေရာများကို ဦးတည်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များနဲ့ နံနက် ပိုင်း(၉)နာရီခန့်မှာ သုံးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲပြီး ဗုံး(၁၅)လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ AA ထံမှ သိရပါတယ်။

 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဈေးရောင်း၊ဈေးဝယ်နဲ့ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေဆုံး ဒဏ်ရာရမှုများရှိပြီး ဈေးဆိုင်တန်းနဲ့ နေအိမ်အဆောက် အအုံ ထိခိုက်ပျက်စီးမှုများလည်းရှိကာသေဆုံးမှုနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှု အရေအတွက်များကိုတော့ မသိရသေးပါဘူး။

 

ပြီးခဲ့သည့် ဇန်နဝါရီလ(၈)ရက်နေ့ကလည်းရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ(၃၀)နီးပါးသေဆုံးပြီး နေအိမ်ပေါင်း (၃၉၀)လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။