နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လော့စ်အိန်ဂျလိစ် တောမီးလောင်မှုတွင် အဆောက်အဦးပေါင်း တစ်သောင်းကျော် မီးလောင်ပျက်စီးပြီး ကန်ဒေါ်လာ ၁၅၀ ဘီလီယံကျော်ဆုံးရှုံး

လော့စ်အိန်ဂျလိစ် တောမီးလောင်မှုတွင် အဆောက်အဦးပေါင်း တစ်သောင်းကျော် မီးလောင်ပျက်စီးပြီး ကန်ဒေါ်လာ ၁၅၀ ဘီလီယံကျော်ဆုံးရှုံး

Hsan Loi Editor
10/01/2025
Share:

 

ပြီးခဲ့တဲ့ ဇန်နဝါရီ(၈)ရက်က တောမီးလောင်မှုမှတဆင့် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်ကောင်တီ သို့ တောမီးများ အရှိန်အဟုန် ကူးစက်ပျံ့နှံ့ပြီး အဆောက်အဦးပေါင်း (၁၀၀၀၀)ကျော် မီးလောင်ပျက်စီးကာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁၅၀ ဘီလီယံကျော်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

 

မကြာသေးမီက လော့စ်အိန်ဂျလိစ်ကောင်တီမှ မှုခင်းစစ်ဆေးရေးအရာရှိများက တောမီးကြောင့် သေဆုံးသူ(၁၀)ဦးကို အကြောင်းကြားစာ ရရှိထားပြီး သေဆုံးမှု အရေအတွက်က ဆက်ပြီးတိုးလာနိုင် တယ်လို့ သိရပါတယ်။

 

ယခုတောမီးလောင်မှုသည် အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံးတောမီးလောင်မှုဖြစ်တယ်လို့ သိရပါတယ်။