နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်မြို့ ပုန်းထွန်းရပ်ကွက်မှ အသက်(၂၀)ကျော် အမျိုးသားတစ်ဦး ဓါးဒဏ်ရာများနဲ့သေဆုံး

တာချီလိတ်မြို့ ပုန်းထွန်းရပ်ကွက်မှ အသက်(၂၀)ကျော် အမျိုးသားတစ်ဦး ဓါးဒဏ်ရာများနဲ့သေဆုံး

Hsan Loi Editor
10/01/2025
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ပုန်းထွန်ရပ်ကွက်မှ အသက် (၂၀) ကျော် အမျိုးသားတစ်ဦး ဓါးဒဏ်ရာနဲ့ သေဆုံးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်မှသိရပါတယ်။

 

ယနေ့ ဇန်နဝါရီလ(၉)ရက် နံနက်ပိုင်းက တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမဘေးရှိ နေအိမ်တစ်လုံးထဲမှ အမျိုးသားတစ်ဦး သွေးထွက်ဒဏ်ရာများနဲ့ လဲကျနေသည်ကို ရပ်ကွက်ပြည်သူများက တွေ့ရှိပြီး ဦးလှမိုး လူမှုကူညီရေး အသင်းသို့ အကူအညီတောင်းခံကာ အသင်းမှ ပြည်သူ့ဆေးရုံသို့ သွားရောက်ပို့ဆောင်ချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

 

သေဆုံးသွားတဲ့အမျိုးသားသည် အသက်(၂၁)နှစ်အရွယ်ရှိ မောင်အာကာမင်း ဖြစ်ပြီး ဦးခေါင်းနောက်စေ့နဲ့ ဝဲဘက်လက်ပြင်မှာ ပြတ်ရှဒဏ်ရာရရှိမှုနဲ့ သေဆုံးသွားကာ ဘယ်အဖွဲ့အစည်းက ဘာရည်ရွယ်ချက်နဲ့ ဓါးဖြင့် ဝင်ခုတ်သွားတယ်ဆိုတာ တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ(၈)ရက် ညပိုင်းက တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်မှ အမျိုးသား တစ်ဦးလည်း သေနတ်ပစ်ခတ်ခံခဲ့ရပြီး ပြန်ပေးဆွဲမှု၊ လုယက်မှုနဲ့ ပစ်ခတ်မှုတွေ တာချီလိတ်မှာ မကြာခဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။