နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဆီဆိုင်မြို့နယ်က စစ်ကောင်စီ နဲ့ PNOအထိုင်စခန်းကို ကရင်နီတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်၊ PNO စစ်သား ၃ ဦးသေ

ဆီဆိုင်မြို့နယ်က စစ်ကောင်စီ နဲ့ PNOအထိုင်စခန်းကို ကရင်နီတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်၊ PNO စစ်သား ၃ ဦးသေ

Hsan Loi Editor
09/01/2025
Share:

 

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးရွာက စစ်ကောင်စီတပ် နဲ့ PNO/PNA ပအိုဝ်းပြည်သူစစ်တို့အထိုင် ချထားတဲ့ စခန်းကို ကရင်နီတပ်ပေါင်းစုက ဒီကနေ့မနက် ၅ နာရီမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ် ။

 

“ စခန်းရပြီ ။သေနတ်အလက် ၃၀ကျော်ရတယ်။ မြေပြင်အခြေအနေ အသေးစိတ်ကိုတော့ (PNO) ပြည်သူ့စစ်ဖက်က ၃ ဦးသေ ၈ ဦးအထက် အပြင်း အထန် ဒဏ်ရာရတယ်လို့ ” ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူတစ်ဦးက အတည် ပြုထားပါတယ် ။

 

အဲ့ဒီစခန်းသိမ်းသိမ်းပွဲမှာ PNO ပြည်သူ့စစ်အဖွဲ့ထဲက အသက် မပြည့်သေးတဲ့ ကလေးစစ်သား တွေကိုပါ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ် ။

 

” စစ်ကောင်စီဖက်က ဆီဆိုင်မြို့ထဲကနေပြီး မြို့အနီးက ပအိုဝ်းရွာ တွေအပြင် ရှမ်းစုရွာအထိကို လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်နေတာ ၊တစ်ခြားမှာမသက်သာလို့ ဆီဆိုင်ပြန်နေကြတဲ့သူတွေလဲ အမြဲတမ်းစိုးရိမ်စိတ်နဲ့နေနေကြရတယ် ” လို့ ဆီဆိုင်မြို့ခံတစ်ဦးကပြောပါတယ် ။

 

စစ်ကောင်စီဟာ မိုးဗြဲကိုထိန်းချုပ်နိုင်ဖို့ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန် ကရင်နီတပ်ပေါင်းစုကဆီဆိုင်မြို့နယ် ရွှေတစ်ဂူ စခန်းကိုသိမ်းပိုက်ခဲ့တာပါ ။

 

ဒါဟာ ကရင်နီတပ်ပေါင်းစုရဲ့ ၂၀၂၅ခုနှစ် ပထမဆုံးစခန်းသိမ်းတိုက်ပွဲဖြစ်ပြီး စစ်ရေးအရလည်း အရေးပါတဲ့စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ် ။