နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံး(၂၀)လုံးခန့် လာရောက်ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီး

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံး(၂၀)လုံးခန့် လာရောက်ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီး

Hsan Loi Editor
09/01/2025
Share:

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ ယမန် နေ့ မွန်းလွှဲပိုင်းက စစ်ကောင်စီတပ်မှ Y-12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဂေါက်ကွင်းနဲ့ မစိုးရိမ်ကျောင်းတိုက်အတွင်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲ တိုက် ခိုက်တဲ့အတွက်ကြောင့် ဂေါက်ကွင်းမှာ ဗုံး(၁၄)လုံးနဲ့ မစိုးရိမ်ကျောင်းတိုက်မှာ ဗုံး(၅)လုံး ကျရောက် ပေါက်ကွဲ ခဲ့ပြီး နေအိမ်(၅)လုံးအပြင် ဘုန်းကြီးကျောင်းနဲ့ မော်တော်ယာဥ်(၁)စီး ထိခိုက်ပျက်စီးသွားကာ ဒေသခံပြည်သူ လူထု ထိခိုက်သေဆုံးမှု တစ်စုံတရာမသိရသေးဘူးလို့ TNLA ထံမှသိရပါတယ်။

 

ဒါ့အပြင် မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျောက်ဆင်၊ ဘော်မားရပ်ကွက်မှာလည်း လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၁)ရက်ကလည်း မိုးကုတ်မြို့‌‌ပေါ် သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲမှု‌ကြောင့် ပြည်သူ(၉)ဦးသေဆုံးပြီး (၁၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။