နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဆီဆိုင်မြို့နယ် ထီစုံကျေးရွာကိုစစ်ကောင်စီကဒရုန်းနဲ့မီးလောင်ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ်တွေမီးလောင်ပျက်စီး ခဲ့ဟုဆို 

ဆီဆိုင်မြို့နယ် ထီစုံကျေးရွာကိုစစ်ကောင်စီကဒရုန်းနဲ့မီးလောင်ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ်တွေမီးလောင်ပျက်စီး ခဲ့ဟုဆို 

Hsan Loi Editor
08/01/2025
Share:

 

သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်ထီစုံကျေးရွာကိုစစ်ကောင်စီကဒရုန်းအသုံးပြုပြီးမီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ် ၂ လုံးနဲ့ ကားတစ်စီးမီး လောင်ပျက်စီးခဲ့တယ်လို့ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးတပ် မတော်(PNLA) က သတင်းထုတ်ပြန်ထားပါတယ် ။

 

ဇန်နဝါရီ ၆ ရက်နေ့ မနက် ၉နာရီအချိန်က စစ်ကောင်စီတပ်ဖွဲ့တွေ ဒရုန်းနဲ့ ပအိုဝ်း ကျေးရွာဖြစ်တဲ့ ထီစုံကျေးရွာကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ ပြီး မီးလောင်နေတဲ့ ပြည်သူလူထုရဲ့ နေအိမ်ကို (PNLA) တပ်ဖွဲ့ဝင်တွေ က မီးငြိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ် ။

 

စစ်ကောင်စီဟာ နေ့စဥ်လိုလို ပအိုဝ်းကျေးရွာဖြစ်တဲ့

ထီစုံကျေးရွာကို ဒရုန်း အပါအဝင်လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်တာကြောင့် လက်ရှိအချိန်ထိ ထီစုံကျေးရွာပြည်သူလူထုနေအိမ် စုစုပေါင်း ၂၄ လုံးထိခိုက်ပျက်စီးခဲ့ရပြီးဖြစ်တယ်လို့ ထုတ်ပြန် ချက်ထဲပါရှိပါတယ် ။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး၄လုံးကြဲချတိုက်ခိုက်ခဲ့တာ ကြောင့် ဌာနချုပ်အတွင်းကအများပြည်သူကို ဝန် ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ် ။