သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်ထီစုံကျေးရွာကိုစစ်ကောင်စီကဒရုန်းအသုံးပြုပြီးမီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ် ၂ လုံးနဲ့ ကားတစ်စီးမီး လောင်ပျက်စီးခဲ့တယ်လို့ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးတပ် မတော်(PNLA) က သတင်းထုတ်ပြန်ထားပါတယ် ။
ဇန်နဝါရီ ၆ ရက်နေ့ မနက် ၉နာရီအချိန်က စစ်ကောင်စီတပ်ဖွဲ့တွေ ဒရုန်းနဲ့ ပအိုဝ်း ကျေးရွာဖြစ်တဲ့ ထီစုံကျေးရွာကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ ပြီး မီးလောင်နေတဲ့ ပြည်သူလူထုရဲ့ နေအိမ်ကို (PNLA) တပ်ဖွဲ့ဝင်တွေ က မီးငြိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ် ။
စစ်ကောင်စီဟာ နေ့စဥ်လိုလို ပအိုဝ်းကျေးရွာဖြစ်တဲ့
ထီစုံကျေးရွာကို ဒရုန်း အပါအဝင်လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်တာကြောင့် လက်ရှိအချိန်ထိ ထီစုံကျေးရွာပြည်သူလူထုနေအိမ် စုစုပေါင်း ၂၄ လုံးထိခိုက်ပျက်စီးခဲ့ရပြီးဖြစ်တယ်လို့ ထုတ်ပြန် ချက်ထဲပါရှိပါတယ် ။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး၄လုံးကြဲချတိုက်ခိုက်ခဲ့တာ ကြောင့် ဌာနချုပ်အတွင်းကအများပြည်သူကို ဝန် ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ် ။