သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား လျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးဖို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လာ 

တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား လျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးဖို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လာ 

Hsan Loi Editor
07/01/2025
Share:

 

ယခုကာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓါတ်အား တစ်ရက်ပျှမ်းမျှ (၂၂၀၀)မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀%)ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တဲ့ အပေါ်နားလည်ခွင့်လွှတ်ပေးဖို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဌာနက ယမန်နေ့ ဇန်နဝါရီလ(၆)ရက်က ထုတ်ပြန်လာခဲ့ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးမှာတော့ အုပ်စု(၃)စုခွဲကာ တစ်အုပ်စုကို လျှပ်စစ်မီး(၄)နာရီပေး၊ (၈)နာရီပိတ် အလှည့် ကျ မီးပေးပြီး ကျန်တိုင်းနဲ့ပြည်နယ်များကတော့ အုပ်စုများခွဲကာ တစ်အုပ်စုကို (၆)နာရီ အလှည့်ကျအစီအစဥ်နဲ့ ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

 

“ အုပ်စုခွဲပြီး မီးပေးမယ်တာပြောတာ မီးလာရမယ့်အချိန်မှာ မလာဘူး၊ လာရင်လည်း နာရီဝက်တောင်မကြာဘူး ပြန်ပျက်သွားတယ်၊ ထမင်းအိုးဆို သွန်ပစ်ရတာ ခနခနပဲ၊ စားဝတ်နေရေးက ခက်ခဲပါ တယ်ဆို မီးကပါ ပုံမှန်မရတော့ လုပ်ကိုင်စားသောက်ရတာ အခက်အခဲဖြစ်တယ်လေ” လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

 

ဒါပေမယ့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) လိုနေရာမှာတော့ အများပြည်သူအတွက် တစ်ရက်ပျှမ်းမျှ(၁၆)နာရီပေး၊ (၈)နာရီပိတ်ပြီး စစ်ကောင်စီ ဝန်ထမ်းအိမ်ရာများကိုတော့ (၁၈)နာရီပေး၊ (၄)နာရီပိတ် အစီအစဥ်နဲ့ ဓါတ်အားဖြန့်ဖြူးပေးတယ်လို့ သိရပါတယ်။

 

လျှပ်စစ်ဓါတ်အားလိုင်း ပို့လွှတ်ပေးတဲ့ ဓါတ်တိုင်နဲ့ ဓါတ်အားလိုင်းကြိုးတွေကို တော်လှန်ရေးတပ်ဖွဲ့များမှ ဖျက်ဆီးတာနဲ့ သဘာဝဘေးတွေကြောင့် ဓါတ်အားအလုံအလောက်မပေးနိုင်တာဖြစ်တယ်လို့အကြောင်း ပြကာ လက်ရှိလျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓါတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန် စီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။