နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီမှ အကျဥ်းသား/သူ ၅၈၆၄ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီမှ အကျဥ်းသား/သူ ၅၈၆၄ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု

Hsan Loi Editor
04/01/2025
Share:

 

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် အကျဥ်းထောင်အချုပ်ထောင် စခန်း အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဥ်းသား/သူ ၅၈၆၄ ဦးကို စစ်ကောင်စီမှ ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။

 

အဆိုပါ အကျဥ်းသား/သူများကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် အခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာ သည်။

 

ထို့အပြင် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၈၀ ဦးကိုလည်း ပြစ်ဒဏ်မှ သက်သာခွင့်ပြုပြီး ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရုပ်သံသတင်းဌာနမှ သိရသည်။