သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီက အင်းလေးဒေသနဲ့ ပင်လောင်းမြို့နယ်ထဲတစ်နှစ်အတွင်းလေကြောင်းတိုက် ခိုက်မှုအပါအဝင် လက်နက် ကြီးပစ်ခတ်တိုက်ခိုက်မှု (၁၇၆) ကြိမ် ပြုလုပ်ခဲ့ဟုဆို 

စစ်ကောင်စီက အင်းလေးဒေသနဲ့ ပင်လောင်းမြို့နယ်ထဲတစ်နှစ်အတွင်းလေကြောင်းတိုက် ခိုက်မှုအပါအဝင် လက်နက် ကြီးပစ်ခတ်တိုက်ခိုက်မှု (၁၇၆) ကြိမ် ပြုလုပ်ခဲ့ဟုဆို 

Hsan Loi Editor
03/01/2025
Share:

 

သျှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးဒေသနဲ့ ပင်လောင်းမြို့နယ် ထဲက ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်နဲ့လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ် အဖွဲ့ PNO/PNA တို့က ၂၀၂၄ခုနှစ်ထဲတစ်နှစ်အတွင်း လေကြောင်းတိုက် ခိုက်မှုအပါအ ဝင် လက်နက် ကြီးပစ်ခတ်တိုက်ခိုက်မှု (၁၇၆) ကြိမ် ပြုလုပ်ခဲ့တယ်လို့ အင်းလေးအမျိုးသမီး သမဂ္ဂကသတင်း ထုတ်ပြန်ထားပါတယ် ။

 

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုပြုအများဆုံးဟာ ပင်လောင်းမြို့နယ် နန်းတုတ်ရွာကျေးရွာဖြစ်ပြီး ကုန်းသာတောင်ရွာ ၊ အိမ်မူရွာ တို့အပြင်ညောင်ရွှေမြို့နယ် ဟိုပန်အနောက်ရွာ ၊ ဘန့်ပြင်ကျေးရွာ အုပ်စု စန့်စွဲရွာ ၊ တောင်ပို့ကွဲ တောင်ရွာ ညောင်လေးပင်ရွာ စတဲ့ကျေးရွာတွေလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ် ။

 

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO တို့ရဲ့ တိုက်ခိုက်မှု တွေ ကြောင့် ဒေသခံတွေရဲ့ လူနေအိမ်၊ဘုန်းကြီး ကျောင်း ၊ ခရစ်ယာန်ဘုရားကျောင်း၊ စေတီတွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ ထိခိုက်မှုတွေလဲ ရှိခဲ့တယ်လို့ သိရပါတယ် ။

 

Photo – IWU