သျှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးဒေသနဲ့ ပင်လောင်းမြို့နယ် ထဲက ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်နဲ့လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ် အဖွဲ့ PNO/PNA တို့က ၂၀၂၄ခုနှစ်ထဲတစ်နှစ်အတွင်း လေကြောင်းတိုက် ခိုက်မှုအပါအ ဝင် လက်နက် ကြီးပစ်ခတ်တိုက်ခိုက်မှု (၁၇၆) ကြိမ် ပြုလုပ်ခဲ့တယ်လို့ အင်းလေးအမျိုးသမီး သမဂ္ဂကသတင်း ထုတ်ပြန်ထားပါတယ် ။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုပြုအများဆုံးဟာ ပင်လောင်းမြို့နယ် နန်းတုတ်ရွာကျေးရွာဖြစ်ပြီး ကုန်းသာတောင်ရွာ ၊ အိမ်မူရွာ တို့အပြင်ညောင်ရွှေမြို့နယ် ဟိုပန်အနောက်ရွာ ၊ ဘန့်ပြင်ကျေးရွာ အုပ်စု စန့်စွဲရွာ ၊ တောင်ပို့ကွဲ တောင်ရွာ ညောင်လေးပင်ရွာ စတဲ့ကျေးရွာတွေလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ် ။
စစ်ကောင်စီနဲ့ လက်အောက်ခံ PNO တို့ရဲ့ တိုက်ခိုက်မှု တွေ ကြောင့် ဒေသခံတွေရဲ့ လူနေအိမ်၊ဘုန်းကြီး ကျောင်း ၊ ခရစ်ယာန်ဘုရားကျောင်း၊ စေတီတွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ ထိခိုက်မှုတွေလဲ ရှိခဲ့တယ်လို့ သိရပါတယ် ။

Photo – IWU