သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မောက်မယ်မြို့နယ်၊ ဗန်းမက်ကျေးရွာရှိ PNLA ဌာနချုပ်ကို စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ဆေးပေးခန်း ထိခိုက်ပျက်စီး

မောက်မယ်မြို့နယ်၊ ဗန်းမက်ကျေးရွာရှိ PNLA ဌာနချုပ်ကို စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ဆေးပေးခန်း ထိခိုက်ပျက်စီး

Hsan Loi Editor
31/12/2024
Share:

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLA ဌာနချုပ်ရှိရာ သျှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ ဗန်းမက် ကျေးရွာကို ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း PNLA ထံမှ သိရသည်။

 

စစ်ကောင်စီမှ ယနေ့ နံနက်(၁၁)နာရီအချိန်မှာ ဗုံး ၄လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဌာနချုပ်အတွင်းရှိ အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့ရ ကြောင်း ထုတ်ပြန်ထားပါသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ(၂၀)ရက်နေ့ကလည်း ဆိုက်ခေါင်−ဟိုနမ့် ပွန်ချောင်းတံတားအနီးရှိ PNLA တပ်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် ဟိုနမ့်ကျေးရွာ ဘက်မှ PNLA တပ်စခန်းများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ထိုးစစ်ဆင်တိုက်ခိုက် ခဲ့သလို ကျေးရွာရှိ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။