ယနေ့ ဒီဇင်ဘာလ(၃၀)ရက် ည(၇:၃၀)နာရီခန့် အချိန်က သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ Epc လမ်းကြားမှ အရုပ်ဂိုဒေါင်တစ်ခု မီးလောင်မှုဖြစ်ပွားတယ်လို့ သိရပါတယ်။
“ အရုပ်ဂိုဒေါင် မီးလောင်တာပါ၊ မီးသတ်တပ်ဖွဲ့တွေ ဝိုင်းဝန်းငြိမ်းသတ်တော့ အခုမီးငြိမ်းသွားပါပြီ၊ ဝါယာရှော့ဖြစ်တာပါ၊ လူထိခိုက်မှုတော့မရှိပါဘူး” လို့ မျက်မြင်ဒေသခံတစ်ဦးကပြောပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
