သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ထိုင်းနိုင်ငံဘန်ကောက်မှ တောင်ကိုရီးယားနိုင်ငံသို့ ပျံသန်းနေတဲ့ ခရီးသည်တင်လေယာဥ်တစ်စင်း ပျက်ကျမှုကြောင့် လူ(၂၈)ဦးခန့် သေဆုံးဟုဆို

ထိုင်းနိုင်ငံဘန်ကောက်မှ တောင်ကိုရီးယားနိုင်ငံသို့ ပျံသန်းနေတဲ့ ခရီးသည်တင်လေယာဥ်တစ်စင်း ပျက်ကျမှုကြောင့် လူ(၂၈)ဦးခန့် သေဆုံးဟုဆို

Hsan Loi Editor
29/12/2024
Share:

 

ယနေ့ ဒီဇင်ဘာလ(၂၉)ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ထွက်ခွာလာသည့် Jeju Air Flight 7C 2216 လေယာဥ်သည် တောင်ကိုရီးယားနိုင်ငံ မူအန်(Muan) အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆင်းသက်စဥ် ပျက်ကျတာကြောင့် ခရီးသည် (၂၈)ဦး သေဆုံးကြောင်း ကိုရီးယားသတင်းဌာနမှ သိရပါသည်။

 

ခရီးသည် ၁၇၅ ဦးနှင့် လေယာဥ်အမှုထမ်း ၆ ဦး လိုက်ပါလာသည့် လေယာဥ်သည် ငှက်နဲ့ တိုက်မိ ပြီး လေယာဥ်ဆင်းသက်စဥ် စက်ချို့ယွင်းသွားကာ မတော်တဆမှုဖြစ်ပွားကြောင်း Yonhap သတင်းဌာနက ဖော်ပြထားသည်။

 

လေယာဥ်ပျက်ကျမှုနှင့် ပတ်သက်ပြီး ပျက်ကျသွားသည့် အကြောင်းရင်း အသေးစိတ်ကို တာဝန်ရှိသူများက ဆက်လက်စုံးစမ်းနေကာ လတ်တလော အခြေအနေအရ ရုပ်အလောင်း ၂၈ လောင်း တွေ့ရှိထားပြီး သေဆုံးသူအရေအတွကလည်း တိုးလာနိုင်ကြောင်း သိရသည်။

 

လေယာဥ်ပေါ် လိုက်ပါလာသည့် ခရီးသည် အားလုံးနီးပါးသည် တောင်ကိုရီးယားနိုင်ငံသား တွေဖြစ်ကြောင်း Yonhap သတင်းဌာနက ဖော်ပြထားပါသည်။