နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်တောဒေသအတွင်း လှုပ်ရှားနေတဲ့ RCSS နှင့် SSPP တို့ နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲမှုဖြစ်ပွား

အင်တောဒေသအတွင်း လှုပ်ရှားနေတဲ့ RCSS နှင့် SSPP တို့ နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲမှုဖြစ်ပွား

Hsan Loi Editor
28/12/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ အင်တောဒေသအတွင်း လှုပ်ရှားနေတဲ့ RCSS နှင့် SSPP တို့ နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲမှုဖြစ်ပွားကြောင်း သိရသည်။

 

ယနေ့ ဒီဇင်ဘာလ(၂၈)ရက် နံနက်(၅)နာရီဝန်းကျင်က အင်တောမြို့ မြောက်ဘက်မှာ နှစ်ဖက်တပ်ဖွဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း သိရသည်။

 

“RCSS နဲ့ SSPP တိုက်ပွဲဖြစ်တာ မှန်ပါတယ်၊ နှစ်ဖက်ထိခိုက်မှုရှိတယ်တော့ သိထားတယ်၊ အသေးစိတ်တော့ သေချာမသိသေးဘူး” လို့ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

 

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် RCSS နဲ့ SSPP တို့သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂၉)က နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှာ မကြာခဏတိုက်ပွဲပြန်လည်ဖြစ်ပွားကြောင်း သိရသည်။

 

သျှမ်းပြည်နယ်အတွင်းက သံဃာတော်များနှင့် သျှမ်းပြည်သူလူထုများအနေဖြင့် အဆိုပါ သျှမ်းတပ်ဖွဲ့ နှစ်ဖွဲ့အား ထာဝရပေါင်းစည်းရေးကို လိုလားနေကြကြောင်း ဆိုရှယ်မီဒီယာ ပလက်ဖောင်း များမှတဆင့် တိုက်တွန်းထားပါသည်။