နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းတောင် ရေပူရွာမှာ ကိုယ်ထောင်တဲ့မိုင်း ကိုယ်ပြန်နင်းမိပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ

သျှမ်းတောင် ရေပူရွာမှာ ကိုယ်ထောင်တဲ့မိုင်း ကိုယ်ပြန်နင်းမိပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ

Hsan Loi Editor
28/12/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊ ဘုရားတောင်အုပ်စု နမ့်ပွန်ရွာ နဲ့ ရေပူရွာ လမ်းဆုံမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက်က စစ်ကောင်စီ တပ်သားတွေကိုယ်ထောင်တဲ့မိုင်း ကိုယ်ပြန်နင်းမိပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ် ။

 

” ထီရီးအခြေစိုက်ဗျူဟာကုန်းက စစ်ကောင်စီတပ်သား ၈ ယောက်တက်လာတယ်၊ မိုင်းလာထောင်တဲ့အချိန် မိုင်းပေါက်ကွဲတာ၊သူတို့ထောင်တဲ့မိုင်း သူတို့ပဲပြန်ထိတာ သူတို့ဖက်က ၂ ဦး သေသွားတယ် လို့ “ လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ် ။

 

နမ့်ပွန်ရွာ နှင့် ရေပူရွာလမ်းဆုံမှာထီရီးဗျူဟာကုန်းက စစ်ကောင်စီ တပ်သားတွေ မိုင်းလာထောင်ရာက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ် ။

 

ဒီဇင်ဘာလ ၂၅ ရက်ကလည်း နမ့်ပွန်‌ ကျေးရွာအနီး မှာထီရီး ရွာက သားအဖ ၃ ဦး ထော်လာဂျီနဲ့ ပြောင်းဖူးချိုးသွားရာက စစ်ကောင်စီထောင်ထားတဲ့ မိုင်း နင်းမိပြီး ဖခင်ဖြစ်သူနေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ရသလို သားဖြစ်သူမှာလည်းခြေထောက် ၂ ဖက်ထိခိုက်ခဲ့တယ်လို့ သိရပါတယ် ။

 

 

Photo- စစ်ကောင်စီတပ်သား ( ပုံဟောင်း)