သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အင်းလေး အမျိုးသမီးသမဂ္ဂက စစ်ခေါင်းဆောင်ကို  ဖမ်းဝရမ်းထုတ်နိုင်ရေး လူထုနဲ့ပူးပေါင်း လှုံ့ဆော်

အင်းလေး အမျိုးသမီးသမဂ္ဂက စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်နိုင်ရေး လူထုနဲ့ပူးပေါင်း လှုံ့ဆော်

Hsan Loi Editor
24/12/2024
Share:

 

နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုအပေါ် အင်း‌လေးမျိုးသမီးသမဂ္ဂ(IWU) နဲ့ အင်းလေးဖက်ဒရယ် ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ (IFDM) အဖွဲ့တို့ ကလူထုနဲ့အတူ ပူးပေါင်းလှုံ့ဆော်ခဲ့ တယ်လို့ သိရပါတယ် ။

 

အဲ့ဒီလှုပ်ရှားမှုကို ညောင်ရွှေမြို့နယ် အင်းလေးဒေသ တစ်နေရာမှာ ဒီဇင်ဘာလရက် ၂၁ နေ့ကပြုလုပ်ခဲ့တာဖြစ်ပါတယ် ။

 

ဒေသခံပြည်သူနဲ့အတူစစ်ခေါင်းဆောင်ပုံပါ စာရွက်စာ တမ်းတွေ ဖြန့်ဝေ ပူးပေါင်းပါဝင်လှုံ့ဆော်ခဲ့ကြပြီး ၂၀၂၅ မှာ ပြုလုပ်မယ့် စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်သပိတ်‌မှောက်ကြဖို့ လှုံ့ဆော်ခဲ့ကြတယ် လို့ သိရပါတယ် ။

 

စစ်ခေါင်းဆောင် ဟာရိုဟင်ဂျာတွေအပေါ် ရာဇ ဝတ် မှုကျူးလွန်ထားရုံသာမက နိုင်ငံတဝှမ်းတိုင်းရင်းသားပြည်သူလူထုရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဥ်နှင့်အမျှ လုပ်ဆောင်နေတဲ့အတွက် ဖမ်းဝရမ်းထုတ်ဖို့အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICCရဲ့ ရှေ့နေချုပ် က ရာဇဝတ်မှုတရားရုံး ကို နိုဝင်ဘာလ ၂၇ရက်‌ က လျှောက်ထားခဲ့တာပါ ။

 

ဓာတ်ပုံ – အင်းလေးအမျိုးသမီးသမဂ္ဂ