နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုအပေါ် အင်းလေးမျိုးသမီးသမဂ္ဂ(IWU) နဲ့ အင်းလေးဖက်ဒရယ် ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ (IFDM) အဖွဲ့တို့ ကလူထုနဲ့အတူ ပူးပေါင်းလှုံ့ဆော်ခဲ့ တယ်လို့ သိရပါတယ် ။
အဲ့ဒီလှုပ်ရှားမှုကို ညောင်ရွှေမြို့နယ် အင်းလေးဒေသ တစ်နေရာမှာ ဒီဇင်ဘာလရက် ၂၁ နေ့ကပြုလုပ်ခဲ့တာဖြစ်ပါတယ် ။
ဒေသခံပြည်သူနဲ့အတူစစ်ခေါင်းဆောင်ပုံပါ စာရွက်စာ တမ်းတွေ ဖြန့်ဝေ ပူးပေါင်းပါဝင်လှုံ့ဆော်ခဲ့ကြပြီး ၂၀၂၅ မှာ ပြုလုပ်မယ့် စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်သပိတ်မှောက်ကြဖို့ လှုံ့ဆော်ခဲ့ကြတယ် လို့ သိရပါတယ် ။
စစ်ခေါင်းဆောင် ဟာရိုဟင်ဂျာတွေအပေါ် ရာဇ ဝတ် မှုကျူးလွန်ထားရုံသာမက နိုင်ငံတဝှမ်းတိုင်းရင်းသားပြည်သူလူထုရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဥ်နှင့်အမျှ လုပ်ဆောင်နေတဲ့အတွက် ဖမ်းဝရမ်းထုတ်ဖို့အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICCရဲ့ ရှေ့နေချုပ် က ရာဇဝတ်မှုတရားရုံး ကို နိုဝင်ဘာလ ၂၇ရက် က လျှောက်ထားခဲ့တာပါ ။

ဓာတ်ပုံ – အင်းလေးအမျိုးသမီးသမဂ္ဂ