သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ပင်လောင်းက လာဗန်ဒါ ပန်းခင်းကို လာရောက်လည် ပတ်သူ များပြား 

ပင်လောင်းက လာဗန်ဒါ ပန်းခင်းကို လာရောက်လည် ပတ်သူ များပြား 

Hsan Loi Editor
22/12/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း ပင်လောင်း မြို့နယ်၊ နောင်တရားမြို့တောင်ဖက်မှာ ရှိတဲ့ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားတွေ နေ့စဉ် လာရောက်လည် ပတ်သူတွေနဲ့စည် ကားနေတယ်လို့ သိရပါတယ် ။

 

” နိုင်ငံခြားက lavender တွေက ပွင့်တံပိုရှည်၊ ပွင့်ဖတ်ပိုများပြီး သင်းပျံ့တဲ့အနံ့ ရှိ့ပါတယ်။ အခု့ ပင်လောင်းက lavender ပန်းခင်းကတော့ ပွင့်တံတို၊ ပွင့်ဖတ်နဲတော့ မျိုးကွဲ lavender လို့ထင်ပါတယ် အနံ့လဲ မရှိ့ပါဘူး။ ဒါပေမဲ့ ခရမ်းရောင်ပန်းခင်းကြီးက အခု့ပန်းတွေပွင့်ချိန်ဆိုတော့ အလှဓါတ်ပုံရိုက် ကူးသူများတွေနဲ့ စည်ကားနေတယ်လို့ “ သွား ရောက်လည်ပတ်ခဲ့သူခရီးသွားတစ်ဦးကပြောပါတယ် ။

 

တောင်ကြီးဘက်က လာမယ်ဆိုရင် ပင်လောင်း မြို့နယ်၊ နောင်တရားမြို့တောင်ဘက်၊ဉာဏ်ပင်ရွာအနောက်ဘက် လမ်းကနေ လာဗန်ဒါ (lavender) ပန်းခင်းဘုရား ဖြူရွာကို ဆယ်မိနစ်လောက် မောင်းရမှာဖြစ်ပြီး ကလောဘက် က သွားမယ်ဆိုရင် ပင်လောင်းလမ်းအတိုင်း ကလော- တီကျစ်-နောင်တရားလမ်းကလာရမှာ ဖြစ်ပါတယ်။

 

အဲ့ဒီလာဗန်ဒါ (lavender) အမျိုးအစားဟာ ထိုင်းနိုင်ငံ၊ မယ်ဖာ့လုံ စီမံချက်နဲ့ စမ်းသပ်စိုက်ပျိုးထားတဲ့ ပန်းခင်းတခုဖြစ်ပြီး လက်ရှိ (၇)ဧက လောက်စိုက်ပျိုးထားပေမဲ့ လာရောက်လည်ပတ်ကြသူတွေကို ဝင်ကြေးသတ်မှတ်ထားခြင်းမရှိသေး ဘူးလို့ သိရပါတယ် ။

 

Photo credit – ဟိန်းထက်ကျော်