သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီး-ဆိုက်ခေါင်-မောက်မယ်-မိုးနဲ လမ်းမှာ အဖွဲ့ပေါင်းစုံ အခွန်ကောက်လို့ ၆ ဘီးကားတစ်ကြောင်းစာ ကျပ် ၆ သိန်းခန့် ပေးနေရလို့ ကားသမားများအခက်တွေ့

တောင်ကြီး-ဆိုက်ခေါင်-မောက်မယ်-မိုးနဲ လမ်းမှာ အဖွဲ့ပေါင်းစုံ အခွန်ကောက်လို့ ၆ ဘီးကားတစ်ကြောင်းစာ ကျပ် ၆ သိန်းခန့် ပေးနေရလို့ ကားသမားများအခက်တွေ့

Hsan Loi Editor
20/12/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး – ဆိုက်ခေါင်-မောက်မယ်-မိုးနဲ ကားလမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက အခွန်များ အဆမတန်ကောက်ခံကာ ၆ ဘီးကားတစ်စီးကို အသွားအပြန် ကျပ် ၆ သိန်းခန့် ပေးဆောင်နေရလို့ ကုန်ကားသမားများ အခက်တွေ့နေကြောင်း စုံစမ်းသိရသည်။

 

” သူတို့က ကားပေါ်ဘာတင်လာတာလဲ သေချာ‌ တော့မစစ်ဘူး၊ ပိုက်ဆံအဓိကပဲ၊ ၅ထောင်ပေးရင်လည်း မရဘူး၊ တစ်သောင်းနှစ်သောင်းလောက်ပေးရတယ်၊ စားသောက်ကုန် တင်လာတဲ့ကားဆို ပိုပေးရတယ်” လို့ ကားသမားထံမှ သိရသည်။

 

အိမ်စီးကားများအနေဖြင့် ကောက်ခံခြင်းမရှိပေမယ့် ကုန်ကားများ၊ ပြောင်းနှင့် နွားတင်ဆောင်လာသောကားများထံမှ အခွန်ကို အဓိက ကောက်ခံနေပြီး ခြောက်ဘီး၊ဆယ်ဘီးနှင့် ဆယ့်နှစ်ဘီးကား အမျိုးအစားပေါ်မူတည်ပြီး အခွန်များကောက်ခံနေကြောင်း သိရသည်။

 

” အရင်တုန်းက အဲ့လမ်းပိုင်းဆို သောင်းဂဏာန်း လောက်ပဲကုန်တယ်၊ အခု ဂိတ်တွေလည်းများလာတော့ ပေးရတဲ့ ဂိတ်ကြေးတွေက သိန်းဂဏာန်းအထက်ပဲ၊ ကိုယ့်အတွက် အမြတ်လည်း သိပ်မကျန်တော့ အလုပ်လုပ်ရတာလည်း မပျော်တော့ဘူးပေါ့” လို့ ကားသမားတစ်ဦးက Hsan Loi Voice ကိုပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလတုန်းက တောင်ကြီး- လွိုင်လင် လမ်းပိုင်းမှာ တောင်ပြိုမှုဖြစ်ပြီး ကားလမ်းများပိတ်ပြီးသည့်‌နောက်ပိုင်း သျှမ်းရှေ့မှ ကုန်ကားသမားများအနေနဲ့ တောင်ကြီး- ဆိုက်ခေါင်- မောက်မယ်- မိုးနဲ-နမ့်စန် လမ်းကို အဓိကအသုံးပြုလာပြီး သွားလာရအဆင်ပြေစေရန် အခွန်များကို တောင်းသလောက်ပေးနေရတာကြောင့် နောက်ပိုင်းတွင် အခွန်ခများပိုတိုးကောက်လာကြောင်း သိရသည်။

 

အဆိုပါလမ်းပိုင်းသည် ဂိတ် ၁၆ ဂိတ်ခန့်ရှိနေပြီး စစ်ကောင်စီဂိတ်(၅)ဂိတ်၊ PNO ပြည်သူ့စစ်ဂိတ် (၉) ဂိတ် နှင့် RCSS ဂိတ်(၂)ဂိတ်တို့ရှိကြောင်း အဆိုပါလမ်းပိုင်း အသုံးပြုသွားလာသူများထံမှ သိရသည်။