ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တာချီလိတ်ခရိုင်ရဲရုံးအနီးကငွေလဲဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲသွားတဲ့ တရားခံ ၆ ဦးကို ဖမ်းမိပြီလို့ဆို 

တာချီလိတ်ခရိုင်ရဲရုံးအနီးကငွေလဲဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲသွားတဲ့ တရားခံ ၆ ဦးကို ဖမ်းမိပြီလို့ဆို 

Hsan Loi Editor
18/12/2024
Share:

 

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် မြို့နယ်၊ခရိုင်ရဲရုံး အနီး မှာ ပြီးခဲ့တဲ့ရက်ပိုင်းက OK ငွေလဲဆိုင် ပိုင်ရှင်ဖြစ်သူကို ပြန်ပေးဆွဲသွားတဲ့ တရားခံတွေကို

ဒီကနေ့ ညနေပိုင်းမှာဖမ်းဆီးရမိ တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ် ။

 

ပြန်ပေးဆွဲခဲ့တဲ့ တရားခံ (၆)ဦးကို ပါဆတ်ရပ်ကွက်က နေအိမ် တစ်ခုမှာ လက်နက် တွေနဲ့အတူ ဖမ်းဆီး ရရှိမိပြီးပြန်ပေးဆွဲခံရတဲ့ငွေလဲဆိုင်ပိုင်ရှင်လည်း ပြန်လည် လွတ် မြောက်လာပြီလို့ သိရပါတယ် ။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၃)ရက် နံနက် ၆နာရီ ဝန်းကျင် အချိန်က တာချီလိတ်မြို့နယ်၊ခရိုင်ရဲရုံး အနီး မယ်ခေါင်ရပ်ကွက်၊ အမှတ် ၂ ကမ္ဘောဇဘဏ်အရှေ့ရှိ OK ငွေလဲဆိုင် ပိုင်ရှင်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား ၃ ဦးကကားပေါ်ဆွဲခေါ် ပြန်ပေးဆွဲသွား‌ တာပါ ။

 

တရားခံတွေကို မှုခင်းဖြစ်ရပ်တွနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စစ်ဆေး နေတယ်လို့ သိရပါတယ် ။