နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်ဂူမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊စစ်ကောင်စီဖက်လေကြောင်း သုံးတိုက်ခိုက်နေ ဟုဆို 

ကျောက်ဂူမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊စစ်ကောင်စီဖက်လေကြောင်း သုံးတိုက်ခိုက်နေ ဟုဆို 

Hsan Loi Editor
18/12/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း ၊ ရပ်စောက်မြို့နယ် ကျောက်ဂူ ဖက်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် မွန်း လွဲပိုင်း ကစပြီး စစ်ကောင်စီနဲ့ ဒေသကာ ကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

 

ရပ်စောက်-‌ဗထူး-အင်တော-ကျောက်ဂူ-နောင်ချို-နမ့်လန်-လားရှိုး-ကျောက်မဲကို သွားတဲ့လမ်း မှာတိုက်ပွဲဖြစ်နေပြီး လက်ရှိ ကျောက်ဂူရွာအဝင် တံတားကြီးမှာလက် နက်ကြီးထိပြီး ပျက်ဆီးသွားတဲ့အတွက်

ကုန်ကားကြီးတွေတော့ သွားမရတော့ဘူးလို့ သိရပါတယ် ။

 

စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားတဲ့တပ်ဟာ ဓနု ကာကွယ်ရေးတပ်တစ်ခုဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ် ။

 

ဒီကနေ့ အဲ့ဒီဒေသမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေမကြာခဏ ဖြတ်တောက်ခံရပြီးလိုင်းမကောင်းတဲ့ အတွက်ဆက်သွယ်ဖို့ ခက်ခဲနေပြီး ရွာထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေရှိနေပြီး စစ်ကောင်စီဖက်က ညနေ ၃ နာရီဝန်းကျင်လောက်က ဂျက်ဖိုက်တာ နဲ့ လာရောက်တိုက်ခိုက် ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ် ။