သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးတွင် ညဖက်ပိုင်းမှာ လူငယ်များ ပေါ်တာဆွဲခံရခြင်းကြောင့် ည ၈ နာရီနောက်ပိုင်းမှာ လမ်းသွားလမ်းလာများတိတ်ဆိတ်

တောင်ကြီးတွင် ညဖက်ပိုင်းမှာ လူငယ်များ ပေါ်တာဆွဲခံရခြင်းကြောင့် ည ၈ နာရီနောက်ပိုင်းမှာ လမ်းသွားလမ်းလာများတိတ်ဆိတ်

Hsan Loi Editor
13/12/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ညပိုင်းတွင် လူငယ်လူရွယ်များ ပေါ်တာဆွဲခံနေရပြီး ည ၈ နာရီနောက်ပိုင်းတွင် လူသွားလူလာ နည်းပါးပြီး တိတ်ဆိတ်နေကြောင်း သိရသည်။

 

စစ်ကောင်စီ မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်မှုထမ်းရန် လူစာရင်း‌ပေးဖို့ ဖိအားပေးသဖြင့် မည်သည့်အချိန်မှာစစ်မှုထမ်း လာခေါ်ခံရမည်ကိုမသိရှိတဲ့အတွက် ရပ်ကွက်နေပြည်သူများလည်း စိုးရိမ်နေကြကြောင်း တောင်ကြီးမြို့ခံဆီက သိရသည်။

 

ထို့ပြင် တောင်ကြီး အထက ၅ ရှေ့နှင့် အထက ၃ ရှေ့ရှိ ညဈေးတန်းများလည်း ည ၈ နာရီကျော်မှာ ဈေးဆိုင်များ ပိတ်သိမ်းလာကြပါသည်။

 

” အခုအစ်မတို့ဆိုင်က စောစောဖွင့်ပြီး စောစောသိမ်းနေရတယ်၊ ည ၈ နာရီကျော်ဆို လာဝယ်စားတဲ့လူလည်း မရှိတော့ စောစောသိမ်းလိုက်တယ်၊ ညဖက်ဆို ပေါ်တာဆွဲတာတွေ ရှိနေတော့ ဘယ်သူမှ သိပ်မထွက်ရဲကြဘူးလေ” လို့ ဈေးသည်တစ်ဦးက Hsan Loi Voice ကိုပြောသည်။

 

စစ်ကောင်စီသည် ယခင်က အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်းရှိ အမျိုးသားများကို ပြည်သူ့စစ်မှုထမ်းရန်အတွက် ခေါ်ယူခဲ့ပြီး ပညာတတ် လူငယ်များ စစ်မှုထမ်းရန် သွားရောက်ခြင်း မရှိသည့်အတွက် ညပိုင်းအချိန်မှာ စစ်ကောင်စီတို့ အုပ်စုဖွဲ့ပြီး ပေါ်တာဆွဲနေကြောင်း ဒေသခံတွေဆီက သိရပါသည်။