သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်မှာ ပုတ်သိုးနေတဲ့ လူသေအလောင်းတစ်လောင်းတွေ့ရှိ

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်မှာ ပုတ်သိုးနေတဲ့ လူသေအလောင်းတစ်လောင်းတွေ့ရှိ

Hsan Loi Editor
11/12/2024
Share:

 

တောင်ကြီးမြို့ ၊ ကျောင်းကြီးစုရပ် ၊ ရွှေသူဌေးကုန်း ယေဟောဝါခရစ်ယာန်ဘုရားကျောင်း အနီးက မြေ ကွက်လပ်တစ်ခုမှာယခု ရက်ပိုင်းထဲ ပုတ်သိုးနေတဲ့ လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ မြို့ ခံတွေဆီက သိရ ပါတယ် ။

 

” အဲ့ဒီလမ်းမှာ ပုတ်စော်နံနေတာ ရက်ပိုင်းလောက်ရှိပြီ အနီးနားကလူတွေ မနေနိုင်ကြလို့ အသေကောင်လိုက်ရှာမှ မြေကွက် လပ်မှာ အလောင်းတွေ့ တာ ခြေထောက် အောက်ပိုင်းက ခွေးတွေဆွဲထားတာမရှိတော့ဘူး ၊ ရုပ်တွေလဲပျက်ကုန်ပြီ အမျိုးသား တစ်ဦးလို့တော့ သိရတယ် ၊ တာဝန်ရှိသူတွေလာယူသွားပြီ ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ် ။

 

သေဆုံးသူဟာ အမျိုးသားတစ်ဦးဖြစ်ပြီး အမည်နဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကို တော့ HsanLoiVoice က အတည်မပြုနိုင်သေးပါဘူး ။

 

အဲ့ဒီအမည်မသိ အမျိုးသားတစ်ဦးအလောင်းကို

ဒီဇင်ဘာ ၉ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့တွေ လာရောက် ကြည့်ရှုစစ်ဆေးပြီး ရင်ခွဲရုံကိုသယ်ဆောင်သွားတယ်လို့ သိရပါတယ် ။