သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်ဂူ-ကျောက်ဆုံကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏အလောင်း(၁၅)လောင်း၊ စစ်သုံးပန်း(၁၇)ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိ

ကျောက်ဂူ-ကျောက်ဆုံကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏အလောင်း(၁၅)လောင်း၊ စစ်သုံးပန်း(၁၇)ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိ

Hsan Loi Editor
10/12/2024
Share:

 

ယနေ့ ဒီဇင်ဘာလ(၉)ရက်နေ့တွင် တောင်ခမ်းတပ်စခန်းအနီး ကျောက်ဂူ-ကျောက်ဆုံတွင် TNLA နှင့် DPLA တို့ပူးပေါင်းပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ ရုပ်အလောင်း (၁၅)လောင်း၊ စစ်သုံးပန်း(၁၇)ဦးနှင့် လက်နက်မျိုးစုံ (၂၈)လက်နှင့် ခဲယမ်းများစွာ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း TNLA ထံမှသိရသည်။

 

ထို့အတူ တောင်ခမ်းအမြောက်တပ်(၃၅၄)စခန်း တွင်လည်း စစ်ကောင်စီလက်အောက်ခံ တပ်သား (၂)ဦးအား လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ(၈)ရက်၊ နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်း၊ ဂန့်ကော်ကျေးရွာနှင့် စစ်ကောင်စီတပ် (၄၀၆)တပ်စခန်းအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ TNLA မှ ဖော်ပြထားသည်။

 

သျှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင် စီ တပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။