ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြိုနယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်ည ၉ နာရီခန့်က ကားတစ်စီးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ကလောမြိုနယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ဝက်ဖြူရေကျေးရွာအနီးကားလမ်း၏ မိုင်တိုင်အမှတ် (၆၁/၃)နှင့်(၆၁/၄)ကြားတွင် အမျိုးသား(၃)ဦးလိုက်ပါလာသည့် ကားတိမ်းမှောက်နေသဖြင့် ကလောမြိုနယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။
ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကလောမြို ဂရုဏာလူမှုကူညီရေးအသင်းမှ က လောမြိုပြည်သူ့ဆေးရုံကြီးသိုပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
