ကိုးကန့်အထူးဒေသ(၁)ထဲတွင် ရာဇ၀တ်မှုကျူးလွန်သူ (၂၁)ဦးအား ဥပဒေနှင့်အညီ ယမန်နေ့က ပြစ်ဒဏ်ချပြီး ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းနှင့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် သံသယရှိသူ ၁၄ ဦးကို တော့ ဥပဒေနှင့်အညီ လူသိရှင်ကြား စီရင်ဆုံးဖြတ်ရန် ယနေ ဒီဇင်ဘာလ(၆)ရက် နံနက်ပိုင်းက လောက်ကိုင်မြို့ (၁၂၅)နေရာမှာ ကျင်းပသွားခဲ့ကြောင်း သိရသည်။
လူသတ်မှုသံသယရှိသူများထဲမှ ၆ ဦးကို ချက်ချင်း သေဒဏ်ပေးခဲ့ပြီး ထိုထဲမှ အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
လူထုတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေရန် ရည်ရွယ်ပြီး စီရင်ချက်ချခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
