ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

သျှမ်းနယ်စပ်မှ လားဟူအဖွဲ့ တဖွဲ့၏ ၉၉၉ (၉ သုံးလုံး) တံဆိပ် စိတ်ကြွေဆေးပြား (၄,၀၀၀,၀၀၀) ၄ သန်း ဖမ်းဆီးရမိ

သျှမ်းနယ်စပ်မှ လားဟူအဖွဲ့ တဖွဲ့၏ ၉၉၉ (၉ သုံးလုံး) တံဆိပ် စိတ်ကြွေဆေးပြား (၄,၀၀၀,၀၀၀) ၄ သန်း ဖမ်းဆီးရမိ

ahadmin
16/10/2022
Share:
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ ညနက်ပိုင်း ၁၁း၀၀ နာရီဝန်းကျင်ခန့်တွင် ချင်းရိုင်းခရိုင်နယ်မြေ၊ ဘန့်ဒူ အမှတ် ၄ ရပ်ကွက်၊ ဘန့်ဆန်တိအနီး၊ ဖဟိုယိုးထင်းလမ်းရှိ ထိုင်းလုံခြုံရေး စစ်ဆေးရေးဂိတ်တခုတွင် ပိတ်အပ်မော်တော်ယာဥ်တစီးက အစစ်ဆေးမခံ မောင်းနှင်ရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၃ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြောင့် ၁ ဦးမှာ အခင်းဖြစ်ရာ၌ သေနတ်ကျည်ထိမှန်၍ သေဆုံးသွားခဲ့ပြီး၊ အသက် ၃၄ နှစ်အရွယ် ထိုင်းနိုင်ငံသား လားဟူအမျိုးသား မော်တော်ယာဥ်မောင်းကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
မော်တော်ယာဥ်ပေါ်မှ ၉၉၉ (၉ သုံးလုံး) အမှတ်တံဆိပ် စိတ်ကြွဆေးပြား ပီနှံအိတ် အလုံး ၂၀ သိမ်းဆည်းရမိပြီး အလုံးရေပမာဏ ၄,၀၀၀,၀၀၀ (၄ သန်း) သိမ်းဆည်းရမိခဲ့သည်ဟု ဆိုပါသည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့၏အဆိုအရ အဆိုပါ ၉၉၉ (၉ သုံးလုံး) အမှတ်တံဆိပ် စိတ်ကြွဆေးပြားများသည် သျှမ်းနယ်စပ်မှ လားဟူအဖွဲ့က ထုတ်လုပ်သည့် စိတ်ကြွဆေးပြားများဖြစ်သည်ဟု ဆိုပါသည်။